Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 14:21 - Common Language Bible

21 သော​ဒုံ​ဘု​ရင်​က``ကိုယ်​တော်​သိမ်း​ယူ​ခဲ့​သ​မျှ သော​ပစ္စည်း​များ​ကို​အ​ပိုင်​ယူ​ပါ။ ကျွန်ုပ်​၏​လူ တို့​ကို​သာ​ပြန်​ပေး​ပါ'' ဟု​အာ​ဗြံ​အား​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 သော ဒုံ မင်း က လည်း လူ တို့ ကို ငါ့ အား ပြန် ပေး ပါ။ ဥ စ္စာ ပ စ္စည်း များ ကို ကား ယူ ပါ ဟု အာ ဗြံ အား ပြော ဆို လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သော​ဒုံ​မင်း​ကြီး​က​လည်း၊ လူ​တို့​ကို ကျွန်ုပ်​အား​ပြန်​ပေး​ပါ။ ဥ​စ္စာ​တို့​ကို​ကား၊ ကိုယ်​တိုင်​ယူ​ပါ​လော့​ဟု အာ​ဗြံ​အား​ပြော​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သောဒုံ​ဘုရင်​က “​လူ​တို့​ကို ငါ့​အား​ပြန်ပေး​ပါ​။ ဥစ္စာ​တို့​ကို​ကား သင့်​အဖို့​ယူ​ပါ​လော့​”​ဟု အာဗြံ​အား​ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 14:21
6 ပူးပေါင်းရင်းမြစ်များ  

ထို​ချိုင့်​ဝှမ်း​တွင်​ကတ္တ​ရာ​တွင်း​များ​ပြည့်​နှက်​လျက် ရှိ​ရာ သော​ဒုံ​ဘု​ရင်​နှင့်​ဂေါ​မော​ရ​ဘု​ရင်​တို့​သည် စစ်​ရေး​မ​လှ​သ​ဖြင့် ထွက်​ပြေး​ကြ​သော​အ​ခါ ထို​တွင်း​များ​ထဲ​သို့​ကျ​ကြ​ကုန်​၏။ ကျန်​သော ဘု​ရင်​သုံး​ပါး​တို့​သည်​တောင်​များ​ပေါ်​သို့​ထွက် ပြေး​ကြ​လေ​သည်။-


သင်​၏​ရန်​သူ​များ​ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ​၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ​၏။


ထို​အ​ခါ​အာ​ဗြံ​က``သင်​၏​ဥစ္စာ​ဟူ​၍​အပ်​ချည် တစ်​မျှင်၊ ခြေ​နင်း​ကြိုး​တစ်​စ​ကို​မျှ​ငါ​မ​ယူ​လို။ သို့​မှ​သာ​လျှင်​အာ​ဗြံ​အား​ကြွယ်​ဝ​ချမ်း​သာ​စေ သော​သူ​ကား ငါ​ပင်​ဖြစ်​၏​ဟု​သင်​မ​ဆို​နိုင်။ ငါ့ အ​တွက်​မည်​သည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ယူ။ ငါ​၏​လူ​များ​သုံး​စွဲ​ပြီး​သ​မျှ​တို့​ကို သာ ငါ​ယူ​သည်​ဟု​ထင်​မှတ်​ပါ​လော့။ သို့​ရာ​တွင် ငါ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​သော​အာ​နေ​ရ၊ ဧ​ရှ​ကော​လ​နှင့်​မံ​ရေ​တို့​ကို​မူ​ကား​သူ​တို့ ၏​ဝေ​စု​ကို​ခွဲ​ယူ​ကြ​ပါ​စေ။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​တိုင် တည်​၍ ငါ​မြွက်​ဆို​ပါ​သည်'' ဟု​ဖြေ​ကြား လေ​၏။


အာ​ဗြံ​သည်​မ​ယား​စာ​ရဲ၊ တူ​လောတ၊ ရှိ​သ​မျှ သော​ဥစ္စာ​ပစ္စည်း​နှင့်​တ​ကွ ခါ​ရန်​မြို့​၌​ရ​ရှိ​သော ကျေး​ကျွန်​အား​လုံး​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊-


အောင်​ပွဲ​ရ​ဘု​ရင်​လေး​ပါး​တို့​သည်​သော​ဒုံ​မြို့ နှင့်​ဂေါ​မော​ရ​မြို့​များ​မှ စား​နပ်​ရိက္ခာ​နှင့်​တ​ကွ ရှိ​သ​မျှ​ပစ္စည်း​တို့​ကို​သိမ်း​ယူ​၍​ထွက်​ခွာ​သွား ကြ​သည်။-


စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ