ကမ္ဘာဦး 14:14 - Common Language Bible14 သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 အာ ဗြံ သည် ကိုယ့် ဆွေ သား မျိုး ချင်း ကို ဖမ်း သွား ကြောင်း ကြား သိ လျှင်၊ အိမ် ပေါက် လေ့ ကျက် ထား သော လူ သုံး ရာ့ တစ် ဆယ့် ရှစ် ယောက် တို့ ကို ကြီး ကြပ် ၍ ဒန် မြို့ တိုင် အောင် လိုက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 အာဗြံသည် မိမိအစ်ကိုသားကို ဖမ်းသွားကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ဖွား၍ သွန်သင်သောလူသုံးရာတစ်ဆယ်ရှစ်ယောက်တို့ကိုစီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 အာဗြံသည် မိမိဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း ကြားသောအခါ မိမိအိမ်၌မွေးဖွားသောသူဖြစ်ကြသည့် မိမိလေ့ကျင့်ထားသောလူ သုံးရာတစ်ဆယ့်ရှစ်ယောက်ကိုခေါ်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။-
မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-
ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။-