Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 1:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ဤသို့​ဆုတောင်းခြင်း​က ကျွန်ုပ်တို့ ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ဖြင့် ကျွန်ုပ်တို့​သခင်​ယေရှု​၏ အမည်​နာမတော်​သည် သင်တို့​နေထိုင်​ပြုမူပုံ​ကြောင့် ဘုန်းထင်ရှား​လျက် သင်တို့​သည်လည်း ကိုယ်တော်​အားဖြင့် ဘုန်းထင်ရှားကြ​ရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ဤ​နည်း​အား​ဖြင့်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ၏​နာ​မ​တော်​သည်​သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​လိမ့်​မည်။ သင် တို့​သည်​လည်း​ကိုယ်​တော်​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ကြ​လိမ့်​မည်။ ငါ တို့​၏​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ဤ​သို့ ဖြစ်​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ဤသည်ကား ငါ​တို့​၏​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​သည် သင်​တို့​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​လျက် သင်​တို့​သည်​လည်း ကိုယ်တော်​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 1:12
21 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​ပိုင်သော​သူ ရှိသမျှတို့​ကို ကိုယ်တော်​ပိုင်တော်မူ​၍ ကိုယ်တော်​ပိုင်တော်မူသော​အရာ မှန်​သမျှတို့​ကိုလည်း အကျွန်ုပ်​ပိုင်ပါ၏။ ထို့ကြောင့် ထို​အရာများ​အားဖြင့် အကျွန်ုပ်​သည် ဘုန်းထင်ရှားပါ၏။


ထိုသို့ ဘုရားသခင်​ချစ်တော်မူ​၍ ယုံကြည်သော​သူများ​အဖြစ် ရွေးကောက်တော်မူ​ခံရသော ရောမ​မြို့သူမြို့သား​အပေါင်းတို့​ထံသို့ ဤ​စာ​ကို ကျွန်ုပ်​ရေးလိုက်ပါ၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ယေရှု​ခရစ်တော်​အားဖြင့် သင်တို့​အား ဘုရားသခင်​ပေးသော ကျေးဇူးတော်​ကို ထောက်​၍ သင်တို့​အတွက် ကျွန်ုပ်​၏​ဘုရားသခင်​ကို ကျွန်ုပ်​အစဉ်​ကျေးဇူးတင်၏။


ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​တွင် အသေခံခဲ့​စဉ် လူသား​အနေဖြင့် အားနည်းသော​အခြေအနေ​၌ ရှိခဲ့​သော်လည်း ယခုအခါ ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် ကိုယ်တော်​နှင့်အတူ အသက်ရှင်မည်​ဖြစ်၍ သင်တို့​ကို အပြစ်ပေး​ရာ​၌​ဖြစ်စေ၊ ကူညီမစ​ရာ​၌​ဖြစ်စေ အားနည်းကြမည်​မဟုတ်ပေ။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


ခရစ်တော်​နှင့် တပေါင်းတစည်းတည်း အသက်ရှင်​ရန် ဖြစ်၏။ ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ရရှိသော ကျွန်ုပ်​၏ ဖြောင့်မတ်ခြင်း​ကို အားမကိုးတော့ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း​ကိုသာ အားကိုး၏။ ထို​ဖြောင့်မတ်ခြင်း​သည် ဘုရားသခင်​သတ်မှတ်တော်မူသော​အရာ ဖြစ်ပြီး ယုံကြည်ခြင်း​ကို အခြေခံ​၍ ရရှိသော​ဖြောင့်မတ်ခြင်း ဖြစ်၏။


ကြွလာတော်မူသော​နေ့​၌ ကိုယ်တော်​သည် ယုံကြည်သူတို့​အတွက် ပြုသော​အမှု​ကြောင့် ယုံကြည်သောသူ​အားလုံး​အလယ်​၌ ဘုန်းထင်ရှား​၍ အံ့အားသင့်​ခံရ​လိမ့်မည်။ သင်တို့​သည် ထို​အရှင်​အကြောင်း ကျွန်ုပ်တို့​၏ သက်သေခံချက်​ကို ယုံကြည်​သဖြင့် ထို​သူတို့​အထဲ​တွင် ပါဝင်ကြ၏။


အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့​ကို ကယ်တင်​ရန် ဘုရားသခင်​၏ ကျေးဇူးတော်​သည် ထင်ရှားလာ​သောကြောင့် ဖြစ်၏။


သင်တို့​သည် ခရစ်တော်​၏​တပည့်တော်များ​ဖြစ်​သောကြောင့် ကဲ့ရဲ့ခံရ​လျှင် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ ဘုန်းကြီးသော​ဝိညာဉ်တော်​သည် သင်တို့​၌ ကိန်းဝပ်တော်မူ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​ယောဟန်​သည် အာရှပြည်​၌​ရှိသော အသင်းတော်​ခုနစ်ပါး​ထံသို့ စာရေးလိုက်ပါ၏။ ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် ဘုရားသခင်​ထံမှ​လည်းကောင်း၊ ပလ္လင်တော်​ရှေ့​၌ ရှိသော​ဝိညာဉ်​ခုနစ်ပါး​ထံမှ​လည်းကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ