Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ကျွန်ုပ်​ပြောသည့်​အရာ​ကို ဆင်ခြင်လော့။ သခင်ဘုရား​သည် သင့်​အား အရာ​အားလုံး​နားလည်နိုင်သော​ဉာဏ်​ကို ပေးသနားတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ငါ့​စ​ကား​ကို​ဆင်​ခြင်​လော့။ ယင်း​ကို​နား​လည် စေ​ရန်​သ​ခင်​ဘု​ရား​သည်​သင့်​အား​ကူ​ညီ တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ငါ့ မိန့် မှာ ချက် ကို ဆင် ခြင် လော့။ အ ရာ ရာ၌ ဉာဏ် ကို အ ရှင် ဘု ရား သ နား တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ငါ့​စ​ကား​ကို ဆင်​ခြင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရာ​ရာ​တို့၌ ဉာဏ်​ကို သင့်​အား ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ငါ​ပြောဆို​သော​အရာ​ကို ဆင်ခြင်​လော့။ သခင်​ဘုရား​သည် အရာ​ခပ်သိမ်း​တို့​၌ သင့်​အား ဉာဏ်စွမ်း​ကို​ပေး​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:7
40 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ရန်သူ​အပေါင်းတို့​က သင်တို့​ကို ဆန့်ကျင်​ငြင်းဆို​၍ မရ​နိုင်အောင် ပြောဆိုရမည့်​စကား​နှင့် ဉာဏ်ပညာ​ကို သင်တို့​အား ငါ​ပေးမည်​ဖြစ်သောကြောင့်​ပင်။


ထို့နောက် ကျမ်းစာတော်​ကို နားလည်​စေရန် သူတို့​၏​ဉာဏ်​ကိုလည်း ဖွင့်ပေးတော်မူ၏။


“ငါ့​စကား​ကို မှတ်သားကြလော့။ လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့ရာတွင် ခမည်းတော်​သည် ငါ့​ကိုယ်စား ကူညီမစတော်မူသော​အရှင်​ဖြစ်သည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စေလွှတ်တော်မူ​သောအခါ ထို​အရှင်​သည် သင်တို့​အား အရာ​အားလုံး သွန်သင်​၍ ငါ​ပြောခဲ့သမျှ​ကို ပြန်လည်​သတိရစေတော်မူ​လိမ့်မည်။


သမ္မာတရား​ကို ဖော်ပြသည့်​ဝိညာဉ်တော် ကြွလာတော်မူ​သောအခါ သင်တို့​အား သမ္မာတရား​အလုံးစုံ​ကို သွန်သင်​ပြသတော်မူ​လိမ့်မည်။ ထို​ဝိညာဉ်တော်​သည် မိမိ​အလိုအလျောက် ဟောပြောတော်မူမည်​မဟုတ်။ မိမိ​ကြားသိ​ရသည့် အကြောင်းအရာတို့​ကို သင်တို့​အား ဟောပြောတော်မူ​လိမ့်မည်။ အနာဂတ်​တွင် ဖြစ်ပျက်မည့်​အရာများ​ကိုလည်း ဖော်ပြတော်မူ​လိမ့်မည်။


သူ့​ကို ဆင်းရဲဒုက္ခ​အားလုံး​ထဲမှ ကယ်တင်တော်မူ၏။ ထို့ပြင် ဉာဏ်ပညာ​ကို ပေး​၍ အီဂျစ်ပြည်​ကို အုပ်ချုပ်သော​ဖာရောဘုရင်​ထံတွင် မျက်နှာပွင့်လန်းစေတော်မူ၏။ ထို့ကြောင့် ထို​ဘုရင်​သည် ယောသပ်​အား အီဂျစ်ပြည်​နှင့် သူ​၏​နန်းတော်​တစ်ခုလုံး​ကို ကြီးမှူးသော​ဘုရင်ခံ​အဖြစ် ခန့်ထားလေ၏။


ဝိညာဉ်တော်​သည် လူတစ်ယောက်​အား ဉာဏ်ပညာ​စကား​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကပင် အခြားသူ​တစ်ယောက်​အား အသိပညာ​စကား​ကို ပေးတော်မူ၏။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… မှန်ကန်သော​အရာ၊ ဂုဏ်သရေ​ရှိသော​အရာ၊ ဖြောင့်မတ်သော​အရာ၊ ဖြူစင်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ကောင်းမြတ်​၍ ချီးမွမ်းဖွယ်​ဖြစ်သည့် နှစ်လိုဖွယ်​ကောင်းသော​အရာ ဟူသမျှတို့​ကို နှလုံးသွင်းကြလော့။


ထို့ကြောင့် သင်တို့​အကြောင်း​ကို ကြားသည့်​နေ့​မှစ၍ ကျွန်ုပ်တို့​သည် သင်တို့​အတွက် အစဉ်မပြတ် ဆုတောင်းပေးနေ၏။ သင်တို့​သည် ဝိညာဉ်ရေးရာ​အသိပညာ​နှင့် နားလည်နိုင်စွမ်း​အပေါင်းတို့​ဖြင့် ဘုရားသခင်​၏ အလိုတော်​ကို အပြည့်အဝ​သိနိုင်​ရန် ဘုရားသခင်​ထံ ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။


သင်​၏​တိုးတက်မှု​ကို လူတိုင်း​မြင်ရ​စေရန် ထို​အရာများ​ကို စိတ်ရော​ကိုယ်ပါ အားထုတ်​လုပ်ဆောင်လော့။


အလုပ်​ကြိုးစားသော လယ်သမား​သည် သီးနှံ​ဝေစု​ကို အဦးဆုံး ရသင့်သူ​ဖြစ်၏။


ကျွန်ုပ်​ဟောပြောသည့် သတင်းကောင်း​အတိုင်း ဒါဝိဒ်မင်း​၏​မျိုးနွယ်​မှ ဆင်းသက်လာပြီး သေခြင်း​မှ​ထမြောက်တော်မူသော​ယေရှု​ခရစ်တော်​ကို သတိရလော့။


အပြစ်သားများ​၏ ဆန့်ကျင်​ပုန်ကန်မှု​ကို ခံတော်မူသော​ကိုယ်တော်​၏​အကြောင်း​ကို ဆင်ခြင်လော့။ သို့ပြုလျှင် သင်တို့​သည် စိတ်မပျက် အားမလျော့ဘဲ ရှိ​လိမ့်မည်။


ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား ဟောပြောခဲ့သော သင်တို့​၏​ခေါင်းဆောင်များ​ကို သတိရကြလော့။ သူတို့​၏ အသက်ရှင်​နေထိုင်ပုံ​မှ ရရှိသော အကျိုး​ရလဒ်​ကို ဆင်ခြင်​၍ သူတို့​၏ ယုံကြည်ခြင်း​ကို အတုယူကြလော့။


ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။


ကျွန်ုပ်တို့​၏​ဘိုးဘေး​အာဗြဟံ​သည် စစ်ပွဲ​မှ သိမ်းယူခဲ့သော ဥစ္စာပစ္စည်း​၏​ဆယ်ပုံတစ်ပုံ​ကို မေလခိဇေဒက်​အား ပေးလှူခဲ့ပြီး ဤသို့​ပေးလှူခြင်း​ခံရသူ​သည် မည်မျှ​ဂုဏ်အသရေ​ရှိကြောင်း ဆင်ခြင်ကြလော့။


သင်တို့​တွင် တစ်စုံတစ်ယောက်​သည် ဉာဏ်ပညာ​ကို လိုအပ်​လျှင် ဘုရားသခင်​ထံ တောင်းစေ။ ကဲ့ရဲ့​ပြစ်တင်တော်မမူဘဲ ရက်ရော​စွာ ပေးတော်မူသော ဘုရားသခင်​သည် ထို​သူ​အား ဉာဏ်ပညာ​ကို ပေးတော်မူ​လိမ့်မည်။


ထိုသို့သော ဉာဏ်ပညာ​သည် ကောင်းကင်​မှ လာသည်​မဟုတ်။ လောက၊ လူ့​ဗီဇ​နှင့် နတ်ဆိုးတို့​ထံမှ လာ၏။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော ဉာဏ်ပညာ​သည် ပထမ​ဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှု​ကို မြတ်နိုး၏။ ထောက်ထား​ညှာတာတတ်၏။ သဟဇာတ​ဖြစ်တတ်၏။ ကရုဏာတရား​နှင့် ကောင်းကျိုးတို့​ဖြင့် ပြည့်စုံ၏။ မျက်နှာ​မလိုက်တတ်။ ဟန်ဆောင်မှု​ကင်း၏။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ