Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ တိ 1:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ဖုဂေလု​နှင့် ဟေရမောဂင်​တို့​အပါအဝင် အာရှပြည်​၌ နေထိုင်သော​လူအပေါင်း​သည် ကျွန်ုပ်​ကို စွန့်ခွာသွားကြောင်း သင်​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သင်​သိ​ရှိ​သည်​အ​တိုင်း​ဖု​ဂေ​လု​နှင့်​ဟေ​ရ မော​ဂင်​တို့​အ​ပါ​အ​ဝင်​အာ​ရှ​နယ်​ပယ်​၌ နေ​သူ​အ​ပေါင်း​တို့​သည်​ငါ​တို့​ကို​စွန့်​သွား ကြ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဖု ဂေ လု နှင့် ဟေ ရ မော ဂင် တို့ မှ စ၍ အာ ရှိ ပြည် ရှိ တ ပည့် အ ပေါင်း တို့ သည် ငါ့ ထံ မှ လွှဲ သွား ကြ ကြောင်း သင် သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အာ​ရှိ​ပြည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ပယ်​ကြ​ပြီ​ဟု၊ သင်​သည် ကြား​သိ၏။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့် ဟေ​ရ​မော​ဂင်​ပါ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သင်​သိ​ထား​သည့်​အတိုင်း အာရှ​ပြည်​၌​ရှိ​သော​သူ​အားလုံး​တို့​သည် ငါ့​ကို​စွန့်ပယ်​ကြ​ပြီ။ ထို​သူ​တို့​တွင် ဖုဂေလု​နှင့်​ဟေရမောဂင်​တို့​လည်း​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 1:15
10 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​၏​အမှု​ကို ပထမဆုံး​အကြိမ် ချေပ​ပြောဆိုရာ​တွင် မည်သူမျှ ကျွန်ုပ်​ဘက်​၌ မကူညီဘဲ လူတိုင်း​ကျွန်ုပ်​ကို စွန့်ပစ်ခဲ့ကြ၏။ ဤ​အရာ​ကြောင့် သခင်ဘုရား​သည် ထို​သူတို့​ကို အပြစ်​တင်တော်မမူပါစေနှင့်။


လူအပေါင်းတို့​သည် ယေရှု​ခရစ်တော်​၏ အကျိုး​ကို မရှာဘဲ ကိုယ်ကျိုး​ကိုသာ ရှာကြ၏။


ထိုသို့ နှစ်နှစ်​တိုင်တိုင် ဆွေးနွေး​ပြောဆို​ရာ အာရှပြည်​တွင် နေထိုင်ကြသော ဂျူးလူမျိုး​နှင့် ဂရိလူမျိုးများ​အားလုံးတို့​သည် သခင်ဘုရား​၏​နှုတ်ကပတ်​တရားတော်​ကို ကြားနာကြရ၏။


အာရှပြည်​ရှိ အသင်းတော်များ​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ အာကုလ​နှင့် ပြစ်ကိလ​တို့​မှစ၍ သူတို့​အိမ်​၌ စုဝေးကြသော​အသင်းတော်​သည် သခင်ဘုရား​ကို ထောက်​၍ သင်တို့​ကို လှိုက်လှဲစွာ နှုတ်ဆက်လိုက်ပါ၏။


ဤသို့ဖြင့် ကျွန်ုပ်တို့​၏​စီးပွား​လုပ်ငန်း​သည် နာမည်ပျက်​နိုင်ချေ​ရှိမည်။ ထိုမျှ​မက ကြီးမြတ်သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်ကျောင်း​ကို ဂရု​မပြုတော့ဘဲ အာရှပြည်​တစ်ပြည်လုံး​နှင့် ကမ္ဘာ​တစ်ဝန်းလုံးရှိ​သူများ ယုံကြည်ကိုးကွယ်သော ထို​နတ်ဘုရားမ​၏​ထည်ဝါမှု​ပင် ကျဆင်း​နိုင်ချေ​ရှိမည်​ကိုလည်း စိုးရိမ်ဖွယ်​ရှိပါသည်” ဟု ပြောလေ၏။


သန့်ရှင်းသော​ဝိညာဉ်တော်​သည် သူတို့​အား အာရှပြည်​၌ နှုတ်ကပတ်​တရားတော်​ကို​ဟောပြော​ရန် တားမြစ်​သဖြင့် ဖြူဂိပြည်​နှင့် ဂလာတိပြည်​ကို ဖြတ်သွားကြ၏။


ပေါလု​သည် အာရှပြည်​တွင် အချိန်​မကုန်ဆုံးစေလို​သဖြင့် ဧဖက်မြို့​ကို​ဖြတ်​၍ ရွက်လွှင့်​ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်၏။ ဖြစ်နိုင်မည်​ဆိုပါက ပင်တေကုတ္တေပွဲ​နေ့​အမှီ ဂျေရုဆလင်မြို့​သို့​ရောက်ရှိ​ရန် သူ​သည် စိတ်ပြင်းပြ​လျက်​နေ၏။


ပေါလု​၏​မိတ်ဆွေများ ဖြစ်ကြသော အာရှပြည်​၏​အရာရှိ​တချို့​ကလည်း ထို​ဇာတ်ရုံ​ထဲသို့ စွန့်စား​၍ မဝင်​ရန် တောင်းပန်ကြ၏။


ငါတို့​တွင် ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ