၂ ကော 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း8 အသက်ကို ရှင်စေသည့်သန့်ရှင်းသောဝိညာဉ်တော်၏ တရားသည် မည်မျှပို၍ ဘုန်းအသရေနှင့် ပြည့်စုံလိမ့်မည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible8 ဝိညာဉ်တော်၏လုပ်ဆောင်ချက်နှင့်ဆိုင်သော ဘုန်းအသရေသည်အဘယ်မျှသာလွန် တောက်ပလိမ့်မည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible8 ဝိ ညာဉ် တော့် ဆိုင် ရာ ဝတ် နည်း သည် ဘုန်း ထူး နှင့် တ ကွ တည် မည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဝိညာဉ်တော်နှင့်ဆိုင်သောအမှုသည် မည်မျှပို၍ ဘုန်းအသရေနှင့်ပြည့်စုံလိမ့်မည်နည်း။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။
ကျောက်ပြားပေါ်တွင် ရေးထွင်းထားသည့် သေခြင်းနှင့်ဆိုင်သောတရားကို ပေးအပ်တော်မူစဉ် ဘုရားသခင်၏ ဘုန်းရောင်ခြည်ထွန်းတောက်တော်မူ၏။ ထိုဘုန်းရောင်ခြည်သည် မောရှေ၏ မျက်နှာ၌ ထင်ဟပ်၍ ထိုထင်ဟပ်ခြင်းမှာ တဖြည်းဖြည်းမှေးမှိန်လာသော်လည်း အစ္စရေးလူမျိုးတို့သည် မောရှေ၏ မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြပေ။ သေခြင်းနှင့်ဆိုင်သော တရားသည် ဤကဲ့သို့သော ဘုန်းအသရေနှင့် ပြည့်စုံလျှင်
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။