Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 3:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ကျွန်ုပ်တို့​သည် မောရှေ​ကဲ့သို့​မပြုကြ။ မောရှေ​သည် မှေးမှိန်လာသော ဘုန်းအသရေ​၏​အဆုံးပိုင်း​ကို အစ္စရေး​လူမျိုးတို့ မမြင်နိုင်အောင် သူ​၏ မျက်နှာ​ကို ပဝါ​ဖြင့် ဖုံးအုပ်ခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ငါ​တို့​ကား​မော​ရှေ​ကဲ့​သို့​မ​ဟုတ်။ သူ​သည် မိ​မိ​၏​မျက်​နှာ​မှ​တောက်​ပ​သော​အ​ရောင် မှေး​မှိန်​ကွယ်​ပျောက်​သွား​သည်​ကို ဣသ​ရေ​လ အ​မျိုး​သား​တို့​မ​တွေ့​မ​မြင်​နိုင်​စေ​ရန် မျက်​နှာ​ကို​ပ​ဝါ​ဖြင့်​ဖုံး​အုပ်​ထား​ရ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ပယ်​ရှင်း​သော​အ​ရာ၏ အ​ဆုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စေ့​စေ့​မ​ကြည့်​ရှု​စေ​ခြင်း​ငှာ မော​ရှေ​သည် မိ​မိ​မျက်​နှာ​ကို ဖုံး​အုပ်​သ​ကဲ့​သို့ ငါ​တို့​သည်​မ​ပြု​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 မောရှေ​သည် မှေးမှိန်​သွား​သော​အရာ​၏​အဆုံး​ကို အစ္စရေး​အမျိုးသား​တို့​အား စေ့စေ့​မ​ကြည့်​ရ​စေရန် မိမိ​မျက်နှာ​ကို မျက်နှာလွှား​ဖြင့်​ဖုံးအုပ်​ထား​သကဲ့သို့ ငါ​တို့​မ​ပြု​ကြ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 3:13
8 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် ယေရှု​သည် ထို​သူ​၏ မျက်စိ​ပေါ်သို့ လက်တော်​ကို တင်တော်မူ၏။ ထိုအခါ သူ​သည် အကောင်း​ပကတိအတိုင်း​ပြန်ဖြစ်​၍ အရာ​အားလုံး​ကို ရှင်းလင်း​စွာ မြင်လေ၏။


ခရစ်တော်​သည် ပညတ်တရား​ကို အဆုံးသတ်​စေတော်မူပြီ​ဖြစ်​သောကြောင့် ယုံကြည်သော​သူတို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရကြ၏။


ကျောက်ပြား​ပေါ်တွင် ရေးထွင်းထားသည့် သေခြင်း​နှင့်ဆိုင်သော​တရား​ကို ပေးအပ်တော်မူ​စဉ် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​ထွန်းတောက်တော်မူ၏။ ထို​ဘုန်းရောင်ခြည်​သည် မောရှေ​၏ မျက်နှာ​၌ ထင်ဟပ်​၍ ထို​ထင်ဟပ်ခြင်း​မှာ တဖြည်းဖြည်း​မှေးမှိန်လာ​သော်လည်း အစ္စရေးလူမျိုးတို့​သည် မောရှေ​၏ မျက်နှာ​ကို စေ့စေ့​မကြည့်နိုင်ခဲ့ကြပေ။ သေခြင်း​နှင့်ဆိုင်သော တရား​သည် ဤကဲ့သို့သော ဘုန်းအသရေ​နှင့် ပြည့်စုံ​လျှင်


၎င်းတို့​သည် နောင်​ဖြစ်လာမည့်​အရာများ​၏ အရိပ်​သာ ဖြစ်၏။ အကောင်အထည်​အစစ်အမှန်​ကမူ ခရစ်တော်​ပင် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ