၂ ကော 1:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း21 စင်စစ် ကျွန်ုပ်တို့နှင့် သင်တို့ကို ခရစ်တော်၌ မြဲမြံစွာ ရပ်တည်စေ၍ ဘိသိက်ပေးတော်မူသောအရှင်သည် ဘုရားသခင်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 သင်တို့နှင့်ငါတို့အားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းအသက်ရှင်စေတော်မူသောအရှင် မှာ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပေသည်။ ဘုရားသခင်ကိုယ်တော်တိုင်ငါတို့အားသီး သန့်ရွေးချယ်တော်မူ၍၊- အခန်းကိုကြည့်ပါ။Garrad Bible21-22 ၎င်း ပြင် ခ ရစ် တော်၌ ပင် သင် တို့ နှင့် အ တူ ငါ တို့ ကို တည် မြဲ စေ၍ ဘိ သိက် သွန်း လောင်း ခြင်း၊ တံ ဆိတ် ခတ် ခြင်း ပြု လျက် ငါ တို့ စိတ် နှ လုံး ထဲ၌ ဝိ ညာဉ် တော် စ ရန် ကို သ နား တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible21 သင်တို့နှင့် ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ငါတို့ကို သင်တို့နှင့်အတူ ခရစ်တော်၌တည်မြဲစေ၍ ငါတို့အား ဘိသိက်ပေးတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။ အခန်းကိုကြည့်ပါ။ |
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
သို့သော် ကိုယ်တော်သည် မိမိဝိညာဉ်တော်ကို သင်တို့အပေါ် သွန်းလောင်းတော်မူပြီ။ ထိုဝိညာဉ်တော်သည် သင်တို့ထဲ၌ ကိန်းအောင်း၍ သင်တို့အား အရာအားလုံးကို သွန်သင်ပေးတော်မူသဖြင့် မည်သူမျှ သင်တို့ကို သွန်သင်ပေးရန် မလိုအပ်ပါ။ ဝိညာဉ်တော်သွန်သင်ပေးတော်မူသောအရာတို့သည် မှန်ကန်၍ အမှားမရှိ။ ထို့ကြောင့် သင်တို့သည် ထိုသွန်သင်မှုအတိုင်း ခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။