Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 3:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ထို့ကြောင့် ကျွန်ုပ်တို့​သည် သင်တို့ မည်သို့ ရှိနေကြောင်း မသိရခြင်း​ကို ဆက်လက် သည်းမခံနိုင်​တော့​သောအခါ ကျွန်ုပ်တို့​ချည်းသာ အေသင်မြို့​တွင် နေရစ်​ရန် ဆုံးဖြတ်​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 နောက်​ဆုံး​၌​ငါ​တို့​သည်​ဆက်​လက်​စောင့်​ဆိုင်း​၍ မ​နေ​နိုင်​ကြ​တော့​သ​ဖြင့် အာ​သင်​မြို့​တွင် ငါ​တို့​နေ​ရစ်​ရန်​ဆုံး​ဖြတ်​ကြ​ပြီး​နောက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 သို့ ဖြစ်၍ ငါ တို့ သည် ဆက် လက် အောင့် အည်း လျက် မ နေ နိုင် သ ဖြင့်၊ အာ သင် မြို့ တွင် အ ဖော် မဲ့ နေ ရစ် ရန် သင့် လျော် မည် ထင် မြင် သည့် အ တိုင်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထို​ကြောင့် ငါ​သည် တစ်​ဖန် မ​အောင့်​နိုင်​သော​အ​ခါ၊ အာ​သင်​မြို့၌ တစ်​ယောက်​တည်း​ကျန်​ရစ်၍ နေ​ခြင်း​ငှာ အ​လို​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့ကြောင့် ငါ​တို့​သည် နောက်ထပ် အောင့်ခံ​၍​မ​ရ​နိုင်​တော့​သဖြင့် ငါ​တို့​ချည်း​သာ အေသင်​မြို့​၌​နေ​ခဲ့​ရန် ဆုံးဖြတ်​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 3:1
8 ပူးပေါင်းရင်းမြစ်များ  

ပေါလု​ကို လိုက်ပို့သူများ​သည် အေသင်မြို့​တိုင်အောင် ပို့ကြ​ပြီးလျှင် သိလ​နှင့် တိမောသေ​တို့​အား အလျင်အမြန်​လိုက်လာ​စေရန် မှာကြားချက်​ကို ရရှိ​သဖြင့် ဗေရိမြို့​သို့ ပြန်သွားကြ၏။


ပေါလု​သည် အေသင်မြို့​တွင် သိလ​နှင့်​တိမောသေ​တို့​ကို စောင့်ဆိုင်းနေရ​စဉ် ထို​မြို့​သည် ရုပ်တုများ​နှင့် ပြည့်​လျက်​ရှိသည်​ကို တွေ့မြင်​သော် အလွန်​စိတ်သောက​ရောက်လေ၏။


သို့သော်လည်း ကျွန်ုပ်​၏​ညီ တိတု ရောက်မလာသေး​သောကြောင့် ကျွန်ုပ်​သည် စိတ်မသက်မသာ​ဖြစ်ရ၏။ ထို့ကြောင့် ထို​သူတို့​ကို နှုတ်ဆက်ပြီး​လျှင် တိတု​ကို ရှာ​ရန် မာကေဒေါနိပြည်​သို့ ထွက်သွားရ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် သင်တို့​နှင့် ခဏတာ လူချင်း​ခွဲခွာရ​သော်လည်း သင်တို့​ကို အစဉ်​သတိရ​နေ၏။ အလွန်​တောင့်တသော​စိတ်​ကြောင့် သင်တို့​နှင့် ပြန်ဆုံ​နိုင်ရန် အစွမ်းကုန်​ကြိုးစားကြ၏။


ထို​အကြောင်း​ကြောင့် ကျွန်ုပ်တို့​သည် ဆက်လက်​သည်းမခံနိုင်တော့ဘဲ သင်တို့​၏ ယုံကြည်ခြင်း ခိုင်မြဲ​ဆဲ​ရှိသည် မရှိသည်​ကို သိ​ရန် တိမောသေ​ကို စေလွှတ်ခြင်း​ဖြစ်၏။ ဖြားယောင်း​သွေးဆောင်သူ​သည် သင်တို့​ကို တစ်နည်းတစ်ဖုံ သွေးဆောင်​သဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ခြင်း​သည် အချည်းနှီး​ဖြစ်သွားမည်​ကို ကျွန်ုပ်​စိတ်ပူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ