Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ချစ်သော ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင် ရွေးကောက်တော်မူ​စဉ်က ရှိသည့်​အခြေအနေ​မျိုး​၌ ဘုရားသခင်​နှင့်အတူ ဆက်၍ ရှိနေ​သင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ ၌​ပင် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ဆက်​လက်​နေ​ထိုင်​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ညီ အစ် ကို တို့၊ အ သီး အ သီး သည် ခေါ် ထား တော် မူ ရင်း အ ဖြစ် အ နေ၌ ဘု ရား သ ခင့် အ ပါး တော် တွင် တည် နေ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ညီ​အစ်​ကို​တို့၊ ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ​သည် အ​ကြင်​အ​မှု​ကို လုပ်​နေ၏။ ထို​သို့ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​တိုင်း​လုပ်​နေ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ညီအစ်ကို​တို့၊ လူ​အသီးသီး​သည် မိမိ​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည့်​အခြေအနေ​၌ ဘုရားသခင်​နှင့်အတူ​ဆက်၍​တည်​နေ​ပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:24
8 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ နတ်ဆိုး​သည် သွား​၍ မိမိ​ထက်​ဆိုးညစ်သော​နတ်ဆိုး​ခုနစ်ကောင်​တို့​ကို ခေါ်ပြီး​လျှင် ထို​လူ​အထဲ​သို့ ဝင်​၍ နေကြ၏။ ထို​လူ​၏​အခြေအနေ​သည်လည်း မူလ​ထက် ပို၍​ဆိုးသွမ်းလေ၏။ ဤ​ဆိုးညစ်သော​မျိုးဆက်​သည်လည်း ထို​နည်းတူ ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် သင်တို့​သည် စားသည်​ဖြစ်စေ၊ သောက်သည်​ဖြစ်စေ၊ တစ်စုံတစ်ရာ​ကို ပြုလုပ်သည်​ဖြစ်စေ အရာ​အားလုံး​ကို ဘုရားသခင်​၏ ဘုန်းတော်​အတွက် ပြုကြလော့။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေ​တွင်​မဆို ဆက်လက်​ပြုမူနေထိုင်​၍ သင်တို့​ကို စတင်​ရွေးကောက်တော်မူသည့်​အချိန်​က ကဲ့သို့ပင် ဆက်လက်​ရှိနေ​သင့်၏။ ဤသည်​မှာ အသင်းတော်​အားလုံး​ကို ကျွန်ုပ်​ညွှန်ကြားသော​အချက်​ဖြစ်၏။


လူ​တစ်ဦးစီ​တိုင်း​သည် ဘုရားသခင် ရွေးကောက်တော်မူ​စဉ်က ရှိသည့်​အခြေအနေ​မျိုး​၌ ဆက်​၍ ရှိနေ​သင့်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ