Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ခင်ပွန်း​နှင့် ခွဲနေ​လျှင် သူ​သည် နောက်​အိမ်ထောင်​မပြုဘဲ​နေရမည်။ ထိုသို့​မဟုတ်​လျှင် ခင်ပွန်း​နှင့် ပြန်လည်​ပေါင်းသင်းရမည်။ ခင်ပွန်း​သည်လည်း မိမိ​ဇနီး​ကို မကွာရှင်းရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ခွဲ​ခွာ​၍​နေ​လျှင်​လည်း​နောက်​ထပ်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​ရ​မည်။ သို့​မ​ဟုတ်​မိ​မိ​လင်​နှင့် ပြန်​လည်​၍​ပေါင်း​သင်း​ရ​မည်။ လင်​သည်​လည်း မိ​မိ​မ​ယား​ကို​မ​ကွာ​မ​ရှင်း​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ခွာ မိ လျှင် မူ ကား အိမ် ထောင် မ ပြု ဘဲ နေ စေ။ သို့ မ ဟုတ် လင့် ထံ ပြန် စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 စွန့်​ပစ်​လျှင် ခင်​ပွန်း​မ​ရှိ​ဘဲ​နေ​စေ။ သို့​မ​ဟုတ်​လျှင်၊ ခင်​ပွန်း​ဟောင်း​ထံ​သို့ ပြန်၍ အ​သင့်​အ​တင့်​နေ​စေ။ ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​နှင့် မ​ကွာ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကယ်၍ ကွဲကွာ​ခဲ့​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ပါစေ။ သို့မဟုတ် လင်​ယောက်ျား​နှင့် ပြန်လည်​သင့်မြတ်​ပါစေ။ လင်​ယောက်ျား​သည်​လည်း မိမိ​မယား​ကို​မ​စွန့်ခွာ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:11
10 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဇနီးဖြစ်သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​မရှိ​သော်လည်း ခင်ပွန်းဖြစ်သူ​က ထို​ဇနီး​ကို ကွာရှင်း​လျှင် သူ​သည် မိမိ​ဇနီး​ကို အိမ်ထောင်ရေး​ဖောက်ပြန်မှု ကျူးလွန်စေရာ​ရောက်၏။ ကွာရှင်းထားသော​အမျိုးသမီး​ကို လက်ထပ်သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။


ထို​နည်းတူ အမျိုးသမီး​တစ်ဦး​သည် မိမိ​ခင်ပွန်း​ကို ကွာရှင်းကာ အခြား​အမျိုးသား​တစ်ဦး​နှင့် လက်ထပ်ပါ​က ထို​အမျိုးသမီး​သည်လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။


ထိုအခါ ဖာရိရှဲ​တချို့​သည် ကိုယ်တော်​ထံသို့ လာ​၍ “လူတစ်ဦး​သည် မိမိ​ဇနီး​ကို ကွာရှင်းသည်​မှာ ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု စမ်းသပ်လို​သဖြင့် မေးလျှောက်ကြ၏။


မိမိ​ဇနီးသည်​ကို ကွာရှင်း​၍ အခြား​အမျိုးသမီးတစ်ဦး​နှင့် လက်ထပ်သော​သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။ ထို့အတူ ခင်ပွန်း​နှင့် ကွာရှင်းထားသော​အမျိုးသမီး​ကို လက်ထပ်သော​သူ​သည်လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။


အိမ်ထောင်ရှိသော​သူများ​အတွက် ကျွန်ုပ်​ထံမှ မဟုတ်ဘဲ သခင်ဘုရား​ထံမှ လာသော ပညတ်ချက်​ရှိ၏။ ဇနီး​သည် မိမိ​ခင်ပွန်း​နှင့် ခွဲမနေရ။


သခင်ဘုရား​ထံမှ လာသော ပညတ်​မဟုတ်​သော်လည်း အခြားသော​သူတို့​အား ကျွန်ုပ်​ပြောလို၏။ ယုံကြည်သော​အမျိုးသား​တစ်ဦး​တွင် မယုံကြည်သော​ဇနီး ရှိ​ပြီး ထို​ဇနီး​သည် သူ​နှင့်အတူ ဆက်​၍ ပေါင်းသင်းနေထိုင်​လို​ပါက သူ​သည် ထို​ဇနီး​ကို မကွာရှင်းရ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ