၁ ကော 3:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ထိုအုတ်မြစ်ပေါ်တွင် တည်ဆောက်သောသူတိုင်းသည် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးစသည်တို့ကို အသုံးပြု၍ တည်ဆောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible12 လူအချို့တို့သည်ထိုတိုက်မြစ်ပေါ်တွင်ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားဖြင့်ထပ်ဆင့်တည်ဆောက် ကြလိမ့်မည်။ လူအချို့တို့ကမူသစ်သား၊ မြက် ခြောက်သို့မဟုတ်ကောက်ရိုးဖြင့်ထပ်ဆင့် တည်ဆောက်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible12 သို့ ရာ တွင် ထို တိုက် မြစ် ပေါ်၌ ရွှေ၊ ငွေ၊ ကျောက် မျက်၊ သစ်၊ ဝါး၊ မြက်၊ ကောက် ရိုး များ နှင့် တည် ဆောက် အံ့။ အခန်းကိုကြည့်ပါ။Judson Bible12 ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 တစ်စုံတစ်ဦးသည် ထိုအုတ်မြစ်ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးတို့ဖြင့် တည်ဆောက်လျှင် အခန်းကိုကြည့်ပါ။ |
ဤဆင်းရဲဒုက္ခအမျိုးမျိုးကို ခံရခြင်းသည် သင်တို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို ဖော်ပြရန်ဖြစ်၏။ ပျက်စီးနိုင်သည့်ရွှေကိုပင်လျှင် မီးဖြင့် သန့်စင်၍စစ်ဆေးရ၏။ စစ်မှန်သည့်ယုံကြည်ခြင်းသည် ထိုရွှေထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းစစ်မှန်လျှင် ယေရှုခရစ်တော် ကြွလာသောအချိန်တွင် သင်တို့သည် ချီးမွမ်းခံရလျက် ဘုန်းအသရေနှင့် ဂုဏ်အသရေကို ရရှိကြလိမ့်မည်။
သို့ရာတွင် ငါသည် သင့်အား အပြစ်ပြောစရာ အနည်းငယ်ရှိ၏။ သင်တို့တွင် မှားယွင်းသည့်ပရောဖက်ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာသောသူများရှိကြ၏။ အစ္စရေးလူမျိုးတို့သည် ရုပ်တုများအား ပူဇော်သည့်အစားအစာကို စားရန်လည်းကောင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း အစ္စရေးလူမျိုးတို့ရှေ့မှောက်၌ တိုက်မိစရာ ဆူးငြောင့်ခလုတ်ကိုချထားရန် ဗာလမ်သည် ဗာလက်မင်းအား သွန်သင်ခဲ့၏။