Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:57 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

57 ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​အား အောင်မြင်​စေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

57 သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​သေ​ခြင်း​ကို​အောင်​မြင်​ခွင့်​ပေး​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

57 သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

57 ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

57 သို့သော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား အောင်မြင်​ခြင်း​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:57
18 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


ထိုသို့​ပြောဆို​ပြီးနောက် သူ​သည်​မုန့်​ကို​ယူ​ကာ လူများ​ရှေ့​တွင် ဘုရားသခင်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကာ ဖဲ့​၍​စားလေ၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ကယ်တင်တော်မူသော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြီးလှ၏။ ဤသို့ဖြင့် ကျွန်ုပ်​၏​စိတ်နှလုံး​အတွင်း​၌ ဘုရားသခင်​၏​ပညတ်တရား​ကို နာခံ​လို​သော်လည်း လူ့​ဗီဇစိတ်​အားဖြင့်​မူ အပြစ်တရား​ကို နာခံ​လျက် နေရ၏။


မကွဲကွာစေသည်​သာမက ထို​အခက်အခဲများ​ကြားမှ​ပင် ကျွန်ုပ်တို့​ကို ချစ်တော်မူသော​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​သည် အထူး​အောင်မြင်ကြ၏။


သို့သော် လျှို့ဝှက်​နက်နဲသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​ပြောမည်။ ကျွန်ုပ်တို့​အားလုံး​သည် သေကြရမည်​မဟုတ်။ နောက်ဆုံး တံပိုးမှုတ်​သောအခါ တစ်ခဏချင်း​မျက်စိတစ်မှိတ်​အတွင်း​တွင် ကျွန်ုပ်တို့​အားလုံး​သည် ပြောင်းလဲကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တံပိုးမှုတ်​သောအခါ သေလွန်သော​သူတို့​သည် မပုပ်ပျက်သော​အရာ​အဖြစ် ထမြောက်မည်​ဖြစ်သောကြောင့်​ပင်။ အသက်ရှင်​လျက်​ရှိသော ကျွန်ုပ်တို့​သည်လည်း ပြောင်းလဲကြ​လိမ့်မည်။


သင်တို့​သည်လည်း ကျွန်ုပ်တို့​ကို ဆုတောင်းခြင်း​ဖြင့် ကူညီနေကြသည် ဖြစ်​၍ လူများစွာတို့​၏ ဆုတောင်းခြင်း​ကို ဘုရားသခင် အဖြေ​ပေးတော်မူ​လိမ့်မည်။ ထို့ကြောင့် လူများစွာတို့​သည် ကျွန်ုပ်တို့ ခံစားရသော​ဆုကျေးဇူးများ​ကို ထောက်​၍ ကျွန်ုပ်တို့​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။


သို့သော် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သုံ့ပန်းများ​အဖြစ် သတ်မှတ်​ပြီး ခရစ်တော်​၏​အောင်ပွဲခံ​အခမ်းအနား လှည့်လည်ရာ​တွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်​ကို သိကျွမ်းခြင်း​၏ မွှေးရနံ့​ကိုလည်း ကျွန်ုပ်တို့​အားဖြင့် အရပ်ရပ်တို့​၌ ပျံ့နှံ့စေတော်မူ၏။


ပြော​၍ မကုန်​နိုင်အောင်​ဖြစ်သော ဘုရားသခင်​၏ ဆုကျေးဇူးတော်​အတွက် ချီးမွမ်းကြပါစို့။


ကျွန်ုပ်တို့​သခင် ယေရှု​ခရစ်တော်​၏ အမည်​နာမတော်​ကို အမှီပြု​၍ အရာ​အားလုံး​အတွက် ခမည်းတော်​ဘုရားသခင်​အား အစဉ် ကျေးဇူးတင်ကြလော့။


ထို​သားသမီးတို့​သည် အသွေးအသား​ရှိ​သဖြင့် ကိုယ်တော်​သည် အသွေးအသား​ကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်​အသေခံ​၍ သေခြင်း​ကို အစိုးရသော မာရ်နတ်​၏​တန်ခိုး​ကို ဖျက်ဆီး​ကာ


ညီအစ်ကို​မောင်နှမတို့​သည် ထို​သူ​ကို သိုးသငယ်​၏ အသွေးတော်​ဖြင့်​လည်းကောင်း၊ မိမိတို့​သက်သေခံ​ဟောပြောသော​နှုတ်ကပတ်တော်​ဖြင့်​လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့​သည် အသေ​ခံရမည်​ဆိုလျှင်​ပင် မိမိတို့​၏​အသက်​ကို မနှမြောကြ။


ကိုယ်တော်​သည် သူတို့​၏ မျက်လုံး​မှ မျက်ရည်​ရှိသမျှ​ကို သုတ်တော်မူ​လိမ့်မည်။ သေခြင်း၊ ညည်းတွားခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်း​တို့​သည် မရှိတော့ပေ။ ရှေးယခင်​က ဖြစ်ခဲ့သော​အရာတို့​သည် ကွယ်ပျောက်ကြပြီ” ဟူ၍ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ