Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 10:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ကျွန်ုပ်တို့​သည် အများ​ဖြစ်​သော်လည်း ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်သည်​ကို ပြသ​ရန် မုန့်​တစ်လုံးတည်း​ကို မျှစားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 မုန့်​သည်​တစ်​လုံး​တည်း​ဖြစ်​၏။ ထို​မုန့်​တစ်​လုံး တည်း​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သော​ကြောင့် ငါ တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​များ​သော် လည်း​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ငါ တို့ ရှိ သ မျှ သည် မုန့် တစ် လုံး တည်း ကို ဆက် ဆံ သုံး ဆောင် ကြ သော ကြောင့် မုန့် တစ် လုံး တည်း ရှိ သည့် အ လျောက် အ များ ဖြစ် သော ငါ တို့ သည် တစ် ကိုယ် တည်း ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 မုန့်​တစ်​လုံး​တည်း​ရှိ​သည်​ဖြစ်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​လုံး​တည်း ဖြစ်​သော​ထို​မုန့်​ကို ဆက်​ဆံ​လျက် ခံ​ယူ​ကြ​သော​ကြောင့်၊ အ​များ​ဖြစ်​သော ငါ​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 မုန့်​တစ်လုံးတည်း​ဖြစ်၍ အများ​ဖြစ်​သော​ငါ​တို့​သည် ကိုယ်ခန္ဓာ​တစ်ခု​တည်း​ဖြစ်​ကြ​၏။ အကြောင်းမူကား ငါ​တို့​အားလုံး​သည် ထို​မုန့်​တစ်​လုံး​တည်း​ကို မျှဝေ​ခံယူ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 10:17
17 ပူးပေါင်းရင်းမြစ်များ  

ထိုကဲ့သို့​ပင် များပြားလှသော ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း ဖြစ်​၍ အချင်းချင်း ဆက်စပ်​လျက်​ရှိသော အင်္ဂါ​အစိတ်အပိုင်းများ ဖြစ်ကြ၏။


သင်တို့​သည် သခင်ဘုရား​၏ ခွက်​ကို သောက်​လျှင် နတ်ဆိုးတို့​၏ ခွက်​ကို သောက်​၍ မရပေ။ သင်တို့​သည် သခင်ဘုရား​၏​စားပွဲ​၌ စား​လျှင် နတ်ဆိုးတို့​၏ စားပွဲ​၌ စား​၍ မရပေ။


ယုံကြည်သူများ​သည် ခရစ်တော်​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ပါရှိသည့် ကိုယ်ခန္ဓာ​ကဲ့သို့ ဖြစ်ကြ၏။ လူ့​ကိုယ်ခန္ဓာ​တွင် အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​သော်လည်း ထို​အစိတ်အပိုင်း​များစွာ​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်၏။


သင်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်ကြပြီး သင်တို့​တစ်ဦးချင်း​သည် အင်္ဂါ​အစိတ်အပိုင်းများ​ဖြစ်ကြ၏။


ထို​လျှို့ဝှက်​နက်နဲသော​အရာ​မှာ လူမျိုးခြားတို့​သည် သတင်းကောင်း​ကို ယုံကြည်​သောကြောင့် ဂျူးလူမျိုးတို့​နှင့် အတူတကွ အမွေခံ​ဖြစ်ခြင်း၊ ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဂျူးလူမျိုးတို့​နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှု​ခရစ်တော်​ကြောင့် ရရှိသော ကတိတော်​ကို ဂျူးလူမျိုးတို့​နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။


ဦးခေါင်း ဖြစ်သော ကိုယ်တော်​သည် ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို အပိုအလို​မရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီတို့​သည် ကိုယ်ပိုင် တာဝန်​အသီးသီး​ကို လုပ်ဆောင်သည်​နှင့်အမျှ ကိုယ်ခန္ဓာ​သည် ချစ်ခြင်းမေတ္တာ​ဖြင့် တည်ဆောက်​၍ ကြီးပွားတတ်၏။


ထို့ကြောင့် လိမ်လည်​၍ မပြောကြနှင့်။ ကျွန်ုပ်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ ဖြစ်ကြ​သောကြောင့် တစ်ဦး​ကို တစ်ဦး မှန်သော​စကား​ကိုသာ ပြောကြလော့။


သင်တို့​ကို ဘုရားသခင် ရွေးချယ်တော်မူ​သောအခါ တစ်ပါးတည်းသော မျှော်လင့်ချက်​အတွက် ရွေးချယ်တော်မူ​သကဲ့သို့ ကိုယ်ခန္ဓာ​တစ်ပါးတည်း၊ ဝိညာဉ်တော်​တစ်ပါးတည်း ရှိ၏။


သူတို့​သည် ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​၌ မှီခိုအားထားခြင်း မရှိ။ ထို​ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော အရွတ်များ​ဖြင့် ဆက်စပ်​၍ အားဖြည့်​လျက် ဘုရားသခင် ကြီးထွား​စေလိုတော်မူသည့်​အတိုင်း ကြီးထွားကြ၏။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


သင်တို့​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​၏ အစိတ်အပိုင်းများ ဖြစ်​၍ ငြိမ်းချမ်း​စွာ နေထိုင်​ရန် ရွေးချယ်ခြင်း​ခံကြရ၏။ ထို့ကြောင့် ခရစ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်း​သည် သင်တို့​၏ နှလုံးသား​၌ စိုးမိုးပါစေသော။ ဘုရားသခင်​ကိုလည်း ကျေးဇူးတင်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ