Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 9:43 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

43 လူ​အပေါင်း​သည် ဘုရားသခင်​၏​အံ့ဖွယ်​တန်ခိုးတော်​ကို မြင်တွေ့ရ​၍ အံ့သြချီးမွမ်းကြ၏။ လူ​အပေါင်းတို့​သည် ယေရှု​ပြုတော်မူသော အခြင်းအရာ​ခပ်သိမ်း​တို့​ကို အံ့သြ​လျက်​နေကြ​စဉ် ယေရှု​က တပည့်တော်တို့​အား

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

43 လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​မ​ဟာ တန်​ခိုး​တော်​ကို​မြင်​ရ​၍​အံ့​သြ​ကြ​ကုန်​၏။ လူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု အ​ရာ​များ​ကြောင့်​အံ့​သြ​နေ​ကြ​စဉ်၊ ကိုယ်​တော် က၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

43 ရှိ သ မျှ တို့ သည် ဘု ရား သ ခင့် မ ဟာ တန် ခိုး တော် ကို အ လွန် အံ့ သြ ကြ၏။ ပြု တော် မူ သ မျှ ကို လူ အ ပေါင်း တို့ အံ့ သြ လျက် နေ ကြ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ကို မြင်၍ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 ထိုအခါ လူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ ကိုယ်တော်​ပြု​တော်မူ​သော​အရာ​အားလုံး​ကို လူ​အပေါင်း​တို့​အံ့သြ​နေ​ကြ​စဉ် ကိုယ်တော်​သည် တပည့်​တော်​တို့​အား

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

43 လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ကို မြင်၍ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 9:43
14 ပူးပေါင်းရင်းမြစ်များ  

ယေရှု​နှင့် တပည့်တော်တို့​သည် ဂါလိလဲပြည်​တွင် အတူ​စုဝေးနေကြ​စဉ် ယေရှု​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။


ထို့နောက် သူတို့​ရှိ​ရာ လှေ​ပေါ်သို့ တက်တော်မူ​လျှင် လေ​ငြိမ်သွားလေ၏။ တပည့်တော်တို့​သည် အလွန်​မိန်းမောတွေဝေ​လျက် နေကြ၏။


ထို​သူ​သည် ချက်ချင်း မျက်စိ​ပြန်မြင်​သဖြင့် ဘုရားသခင်​ကို ချီးမွမ်း​လျက် ယေရှု​နောက်တော်​သို့ လိုက်လေ၏။ ထို​အဖြစ်အပျက်​ကို တွေ့မြင်သော​လူ​အားလုံးတို့​သည်လည်း ဘုရားသခင်​ကို ချီးမွမ်းကြ၏။


လူ​အပေါင်းတို့​သည် အံ့အားသင့်​လျက် “ဤ​သူ​၏​စကား​သည် မည်သို့နည်း။ အခွင့်အာဏာ​နှင့် တန်ခိုးတော်​အားဖြင့် နတ်ဆိုးတို့​ကို အမိန့်ပေး​သောအခါ သူတို့​သည် ထွက်သွားကြသည်” ဟု အချင်းချင်း​ပြောဆိုကြ၏။


လူထု​ပရိသတ်တို့​သည် အလွန်​အံ့သြ ကြောက်ရွံ့​၍ ဘုရားသခင်​၏​ဂုဏ်တော်​ကို​ချီးမွမ်း​လျက် “ငါတို့​သည် ယနေ့​ထူးဆန်း​အံ့ဖွယ်သော​အရာများ​ကို မြင်ခဲ့ကြပြီ” ဟု ပြောဆိုကြ၏။


ဤသို့​လျှောက်ရသည်​မှာ ဖမ်းမိသော​ငါးများ​သည် အလွန်များပြား​၍ ရှိမုန်​နှင့် အခြား​တံငါသည်များ​အားလုံး​က အံဩကြ​သောကြောင့် ဖြစ်၏။


ကိုယ်တော်​က သူတို့​အား “သင်တို့​၏ ယုံကြည်ခြင်း​သည် အဘယ်မှာနည်း” ဟု မိန့်တော်မူ၏။ တပည့်တော်တို့​သည် ကြောက်ရွံ့​၍ အံ့အားသင့်​လျက် “ဤ​သူ​သည် မည်သူနည်း။ သူ​အမိန့်ပေး​သောအခါ လေ​နှင့်​လှိုင်းတံပိုးတို့​ပင်လျှင် သူ့​ကို နာခံကြသည်” ဟု အချင်းချင်း​ပြောဆိုကြ၏။


ထို​သူငယ်​လာ​စဉ် နတ်ဆိုး​သည် သူ့​အား မြေပေါ်​သို့ လှဲ​၍ တက်စေ၏။ သို့သော်လည်း ယေရှု​က ထို​နတ်ဆိုး​အား ဆုံးမ​၍ ထို​သူငယ်​ကို ကျန်းမာစေတော်မူ​ပြီးလျှင် ဖခင်​ထံသို့ ပြန်အပ်ပေးတော်မူ၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် တန်ခိုး​နှင့် ကြွလာမည့်​အကြောင်း​ကို သင်တို့​အား ပြောပြ​ရာတွင် လိမ္မာပါးနပ်​စွာ ဖန်တီးထားသော​ဒဏ္ဍာရီ​ပုံပြင် များ​ကို ပြောပြခြင်း​မဟုတ်။ ကျွန်ုပ်တို့​သည် ထို​အရှင်​၏ ကြီးမြတ်သော​တန်ခိုးတော်​ကို ကိုယ်တိုင်​ဖူးမြင်ရသူများ​ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ