Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ထိုသို့​ဖြစ်ပေါ်​သော​နေ့ရက် ရောက်သော​အခါ ဝမ်းမြောက်​၍ ရွှင်လန်း​စွာ ကခုန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​တွင်​ရရှိမည့် သင်တို့​၏​ဆုလာဘ်​သည် ကြီးမားလှ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို မတရား​ပြုကျင့်သော ထို​သူတို့​၏​ဘိုးဘေးများ​သည်လည်း ပရောဖက်တို့​ကို ထို​နည်းတူ​ပြုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ထို​သို့​တွေ့​ကြုံ​ခံ​စား​ရ​သော​အ​ခါ​ဝမ်း​မြောက် ကြ​လော့။ ရွှင်​မြူး​သ​ဖြင့်​က​ခုန်​ကြ​လော့။ ကောင်း ကင်​ဘုံ​တွင်​သင်​တို့​ရ​မည့်​အ​ကျိုး​ကား​ကြီး လှ​၏။ ဤ​သို့​သင်​တို့​အား​ပြု​ကျင့်​သူ​များ ၏​ဘိုး​ဘေး​များ​သည်​ရှေး​ပ​ရော​ဖက်​တို့​ကို ဤ​နည်း​အ​တိုင်း​ပင်​နှိပ်​စက်​ခဲ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ကောင်း ကင် ဘုံ၌ ခံ စား ရ မည့် အ ကျိုး ဆက် ကြီး မြတ် ကြောင်း ချင်း တို့ ဘိုး ဘေး များ သည် ပ ရော ဖက် တို့ အာ။ ထို နည်း တူ ပြု ခဲ့ ကြ ကြောင်း များ ကို ထောက်၍ ထို နေ့ ရက် ကာ လ၌ ဝမ်း မြောက် စွာ ခုန် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​ကာ​လ၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ ရွှင်​မြူး​သော​စိတ်​နှင့် ခုန်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သူ​တို့၏​ဘိုး​ဘေး​များ​သည် ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို​နေ့ရက်​၌ ဝမ်းမြောက်​လျက် ကခုန်​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​၏​ဘိုးဘေး​များ​သည်​လည်း ပရောဖက်​များ​ကို ထိုနည်းတူ​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

23 ထို​ကာ​လ၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ ရွှင်​မြူး​သော​စိတ်​နှင့် ခုန်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သူ​တို့၏​ဘိုး​ဘေး​များ​သည် ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:23
45 ပူးပေါင်းရင်းမြစ်များ  

ထို​အရာ​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​၌ သင်တို့​၏​ဆုလာဘ်​သည် ကြီးမားလှ၏။ ရှေး​ပရောဖက်များ​သည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။


မာရိ​နှုတ်ဆက်သော​အသံ​ကို ဧလိရှဗက်​ကြား​သောအခါ သူ​၏​ဗိုက်ထဲ​၌ ရှိသော​ကလေး​သည် လှုပ်လေ၏။ ဧလိရှဗက်​သည်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ပြည့်ဝ​လျက်


သင်​၏​နှုတ်ဆက်သံ​ကို ကျွန်မ​ကြားရသည်​နှင့်​တစ်ပြိုင်နက် ကျွန်မ​ဗိုက်​ထဲတွင်​ရှိသော​ကလေး​သည် ဝမ်းမြောက်ရွှင်မြူး​၍ လှုပ်ပါ၏။


သို့သော် သင်တို့​သည် ရန်သူများ​ကို ချစ်လော့။ သူတို့​အား​ကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာ​ကို ပြန်လည်​ရရှိမည်​ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့​ပြု​လျှင် ကောင်းကင်ဘုံ​မှ ရရှိမည့် သင်တို့​၏​ဆုလာဘ်​သည် ကြီးမား​၍ သင်တို့​သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျေးဇူးကန်းသော​သူများ​နှင့် ဆိုးသွမ်းသော​သူများ​ကို သနားကြင်နာတော်မူ​သောကြောင့်​ဖြစ်၏။


“ထ​၍ မတ်တတ်ရပ်လော့” ဟု ကျယ်လောင်သော​အသံ​ဖြင့် ပြောလေ၏။ ထိုအခါ သူ​သည် ထခုန်​၍ လမ်းလျှောက်လေ၏။


ထိုအခါ မတ်တတ်ရပ်​လျက် ခုန်ပေါက်ပြီး​လျှင် လမ်းလျှောက်လေ၏။ သူ​သည် လမ်းလျှောက်​လျက်၊ ခုန်​လျက်၊ ဘုရားသခင်​ကို ချီးမွမ်း​လျက် တမန်တော်တို့​နှင့်အတူ ဗိမာန်တော်​သို့ ဝင်လေ၏။


တမန်တော်တို့​သည် ယေရှု​၏​အမည်​နာမ​ကြောင့် အရှက်ခွဲခြင်း​ကို​ခံထိုက်သူများ​အဖြစ် ဘုရားသခင်​မှတ်ယူတော်မူ​သောကြောင့် ဝမ်းမြောက်​လျက် တရားလွှတ်တော်​မှ ထွက်သွားကြ၏။


ထိုမျှ​မက ဆင်းရဲ​ဒုက္ခများ​နှင့် ကြုံတွေ့ရ​လျှင်လည်း ကျွန်ုပ်တို့​သည် ဂုဏ်ယူ​ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​ဆင်းရဲဒုက္ခများ​သည် ကျွန်ုပ်တို့​အား သည်းခံခြင်း​ကို​လည်းကောင်း၊


သို့ဖြစ်၍ ခရစ်တော်​အတွက်​ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ခက်ခဲခြင်းတို့​ကို ကျွန်ုပ်​ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အားနည်း​သောအခါ ခရစ်တော်​၏​တန်ခိုး​အားဖြင့် အားကြီး​လျက်​ရှိ​သောကြောင့်​ဖြစ်၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


ဆင်းရဲဒုက္ခ​ကို ခံနိုင်​လျှင် ကိုယ်တော်​နှင့်အတူ စိုးစံရ​လိမ့်မည်။ ကိုယ်တော်​ကို ငြင်းပယ်​လျှင် ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​ကို ငြင်းပယ်​လိမ့်မည်။


သူ​သည် အနာဂတ်​တွင် ရမည့် ဆုလာဘ်​ကို မျှော်ကိုး​သောကြောင့် အီဂျစ်ပြည်​၏ စည်းစိမ်​ထက် ခရစ်တော်​အတွက် ဆင်းရဲဒုက္ခ​ခံခြင်း​သည် ပို၍ မြတ်သည်​ဟု မှတ်ယူလေ၏။


ယုံကြည်ခြင်း​မရှိ​လျှင် ဘုရားသခင်​၏ စိတ်တော်​နှင့် မတွေ့နိုင်။ ဘုရားသခင်​ထံသို့ ချဉ်းကပ်သော​သူ​သည် ဘုရားသခင်​ရှိတော်မူကြောင်း ယုံကြည်​ရမည်။ ကိုယ်တော်​ကို ကြိုးစား​ရှာသောသူ​အား ဆုလာဘ်​ပေးတော်မူကြောင်း ယုံကြည်​ရမည်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် အမျိုးမျိုးသော​ဒုက္ခဆင်းရဲများ​နှင့် ကြုံတွေ့​သောအခါ ဝမ်းမြောက်စရာ​သက်သက် ဖြစ်ကြောင်း မှတ်ယူကြလော့။


ခရစ်တော်​၏ ဆင်းရဲဒုက္ခ​ကို မျှဝေ​ခံစားကြရသည့်​အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်​၏ ဘုန်းတော်​ထင်ရှား​သောအခါ သင်တို့​အလွန်​ဝမ်းမြောက်ရ​လိမ့်မည်။


ဝိညာဉ်တော်​သည် အသင်းတော်တို့​အား မိန့်တော်မူသော​စကား​ကို နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။ ငါ​သည် အောင်မြင်သော​သူ​အား ဝှက်ထားသော​မန္နမုန့်​ကို​ပေးမည်။ ဖြူသော​ကျောက်​တစ်လုံး​ကိုလည်း​ပေးမည်။ ထို​ကျောက်​ပေါ်တွင် နာမည်​အသစ်​ကို ရေးထွင်းထား​ပြီး ထို​ကျောက်​ကို လက်ခံသည့်​သူ​မှ​လွဲ​၍ မည်သူ​မျှ ထို​နာမည်​သစ်​ကို မသိရ။


ငါ​သည် ငါ့​ခမည်းတော်​ထံမှ အခွင့်အာဏာ​ကို ရရှိထားသည်​ဖြစ်၍ ငါ​၏​ပညတ်တို့​ကို အဆုံး​တိုင်အောင် နာခံ​လျက် အောင်မြင်သော​သူ​အား လူမျိုး​အပေါင်းတို့​အပေါ် အုပ်စိုးရသော​အခွင့်​ကို ငါ​ပေးမည်။ သူ​သည် သံ​လှံတံ​ဖြင့် ထို​သူတို့​ကို အုပ်စိုး​၍ မြေအိုး​ကို အပိုင်းပိုင်း​ခွဲ​သကဲ့သို့ ရိုက်ခွဲ​လိမ့်မည်။


ဝိညာဉ်တော်​သည် အသင်းတော်တို့​အား မိန့်တော်မူသော​စကား​ကို နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။ ငါ​သည် အောင်မြင်သော​သူတို့​ကို ဘုရားသခင်​၏ ပရဒိသုဘုံ​၌​ရှိသော အသက်ပင်​၏​အသီး​ကို စားခွင့်​ပေးမည်။


အောင်မြင်သော​သူ​သည် ဤ​အရာများ​ကို အမွေခံရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်မည်။ သူတို့​သည် ငါ​၏​သားသမီးများ​ဖြစ်ကြ​လိမ့်မည်။


အောင်မြင်သောသူ​ကို ငါ့​ဘုရားသခင်​၏​ဗိမာန်တော်​၌ ရှိသော​တိုင်​ကဲ့သို့ ဖြစ်စေမည်။ သူ​သည် မည်သည့်​အခါ​မျှ ဗိမာန်တော်​အပြင်​သို့ မရောက်ရ။ ငါ​သည် ငါ​၏​ဘုရားသခင်​နာမတော်​ကို​လည်းကောင်း၊ ငါ​၏​ဘုရားသခင်​ထံ ကောင်းကင်ဘုံ​မှ ဆင်းသက်မည့် ဂျေရုဆလင်​မြို့သစ်​ဟူသော ဘုရားသခင်​မြို့တော်​၏​နာမတော်​ကို​လည်းကောင်း၊ ငါ​၏​နာမတော်​သစ်​ကို​လည်းကောင်း သူ့​အပေါ်​၌ ရေးထားမည်။


အောင်မြင်သောသူ​သည် ထို​သူတို့​ကဲ့သို့​ပင် ဖြူသော​အဝတ်​ကို ဝတ်ဆင်​ရ​လိမ့်မည်။ ငါ​သည် သူ​၏​နာမည်​ကို အသက်​စာစောင်​မှ မည်သည့်​အခါ​မျှ ပယ်ဖျက်မည်​မဟုတ်။ သူ​သည် ငါ့​တပည့်​ဖြစ်ကြောင်း​ကို ငါ့​ခမည်းတော်​နှင့် ခမည်းတော်​၏​ကောင်းကင်တမန်များ​ရှေ့​၌ ငါ​အသိအမှတ်ပြုမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ