Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 24:39 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

39 ငါ့​လက်​နှင့် ငါ့​ခြေတို့​ကို ကြည့်ကြလော့။ ငါ​ကိုယ်တိုင်​ပင် ဖြစ်၏။ ငါ့​ကို ကြည့်ရှု​စမ်းသပ်ကြလော့။ တစ္ဆေ​တွင် အရိုး​နှင့် အသား​တို့​မရှိ။ သို့သော် ငါ့​တွင်​ရှိသည်​ကို သင်တို့​မြင်ကြ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 သင်​တို့​မြင်​ရ​သူ​ကား​ငါ​ကိုယ်​တိုင်​ပင်​ဖြစ်​၏။ ငါ့ ကိုယ်​ကို​စမ်း​သပ်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​သည် အ​တိုင်း​ငါ့​မှာ​အ​သား​အ​ရိုး​များ​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ငါ မှန် ကြောင်း ငါ့ လက် ခြေ များ ကို ကြည့် ကြ။ ငါ့ ကို စမ်း သပ်၍ ကြည့် ကြ။ ငါ၌ သင် တို့ ကြည့် မြင် ရ သ ကဲ့ သို့ တ စ္ဆေ၌ အ သား အ ရိုး မ ရှိ ဟု မိန့် တော် မူ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 ငါ့​လက်​ကို ကြည့်​ကြ​လော့။ ငါ့​ခြေ​ကို​လည်း ကြည့်​ကြ​လော့။ ငါ့​ကိုယ်​ပင်​ဖြစ်၏။ ငါ့​ကို ကြည့်​ရှု​စမ်း​သပ်​ကြ​လော့။ ငါ​သည် သင်​တို့​မြင်​သည်​အ​တိုင်း အ​ရိုး​အ​သား​နှင့် ပြည့်​စုံ၏။ တ​စ္ဆေ​မည်​သည်​ကား ဤ​ကဲ့​သို့ မ​ပြည့်​စုံ​ဟု မိန့်​တော်​မူ​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ငါ့​လက်​နှင့်​ငါ့​ခြေ​တို့​ကို​ကြည့်​ကြ​လော့။ ငါ​ကိုယ်တိုင်​ပင်​ဖြစ်​၏။ ငါ့​ကို​တို့ထိ​စမ်းသပ်​၍ ကြည့်ရှု​ကြ​လော့။ အကြောင်းမူကား တစ္ဆေ​၌ အရိုး​၊ အသား​မ​ရှိ။ ငါ​၌​မူကား သင်​တို့​မြင်​ရ​သည့်​အတိုင်း အရိုး​၊ အသား​ရှိ​၏”​ဟု

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

39 ငါ့​လက်​ကို ကြည့်​ကြ​လော့။ ငါ့​ခြေ​ကို​လည်း ကြည့်​ကြ​လော့။ ငါ့​ကိုယ်​ပင်​ဖြစ်၏။ ငါ့​ကို ကြည့်​ရှု​စမ်း​သပ်​ကြ​လော့။ ငါ​သည် သင်​တို့​မြင်​သည်​အ​တိုင်း အ​ရိုး​အ​သား​နှင့် ပြည့်​စုံ၏။ တ​စ္ဆေ​မည်​သည်​ကား ဤ​ကဲ့​သို့ မ​ပြည့်​စုံ​ဟု မိန့်​တော်​မူ​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 24:39
12 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် ကျယ်လောင်သော​အသံ​ဖြင့် “အို အဖ… အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အဖ​၏​လက်တော်​သို့ အပ်ပါ၏” ဟု ဆို​လျက် အသက်​ချုပ်တော်မူ၏။


ထိုအခါ ယေရှု​က “အဘယ်ကြောင့် ထိတ်လန့်ကြသနည်း။ အဘယ်ကြောင့် သံသယစိတ်များ​ဖြစ်ပေါ်ကြသနည်း။


ထိုသို့ မိန့်တော်မူ​၍ လက်တော်​ခြေတော်တို့​ကို တပည့်တော်တို့​အား ပြတော်မူ၏။


ထိုသို့​နှုတ်ဆက်တော်မူ​ပြီးနောက် မိမိ​လက်တော်​နှင့် နံဘေးတော်​တွင် ရရှိခဲ့သော ဒဏ်ရာများ​ကို ပြတော်မူ၏။ တပည့်တော်တို့​သည် သခင်ဘုရား​ကို တွေ့မြင်​သောအခါ ဝမ်းမြောက်ကြ၏။


ထို့ကြောင့် တပည့်တော်တို့​က “ငါတို့​သည် သခင့်​ကို မြင်ကြရပြီ” ဟု သောမ​အား ပြောပြကြ၏။ သို့သော် သောမ​က “အရှင့်​လက်တော်တို့​၌ သံရိုက်ရာ​ကို မမြင်ရ၊ ထို​သံရိုက်ရာ​ကို လက်ညှိုး​ဖြင့်​မတို့ရ၊ နံဘေးတော်​ကို လက်​ဖြင့် မစမ်းရ​လျှင် ငါ​မယုံ” ဟု ဆို၏။


ထို့နောက် ယေရှု​သည် သောမ​အား “သင့်​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို စမ်း​၍ ငါ့​လက်တို့​ကို ကြည့်လော့။ သင့်​လက်​ဖြင့် ငါ့​နံဘေး​ရှိ ဒဏ်ရာ​ကိုလည်း စမ်းကြည့်လော့။ သံသယ​မဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။


အသေခံတော်မူ​ပြီးနောက် ယေရှု​သည် မိမိ​အသက်ရှင်​လျက်​ရှိကြောင်း ခိုင်မာသော​သက်သေ​အထောက်အထားများ​ဖြင့် ရက်ပေါင်း​လေးဆယ်​အတွင်း တမန်တော်တို့​အား ကိုယ်ထင်ပြ​၍ ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြောတော်မူ၏။


ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။


ထို့ပြင် ကျွန်ုပ်တို့​သည် မိမိတို့​အား ပဲ့ပြင်ဆုံးမသည့် လူ့​ဖခင်များ​ကို ရိုသေ​လေးစားကြ​လျှင် ဝိညာဉ်​ဖခင်​၏ ပဲ့ပြင်ဆုံးမခြင်း​ကို ပို​၍ နာခံ​လျက် အသက်ရှင်​နေထိုင်ရမည်​မဟုတ်လော။


အစဦး​ကပင် ရှိနေ​၍ ကျွန်ုပ်တို့​ကြားရသော​အရာ၊ ကျွန်ုပ်တို့​မျက်စိ​ဖြင့် မြင်ရသော​အရာ၊ ကျွန်ုပ်တို့​ကြည့်ရှု​၍ လက်​ဖြင့် ထိတွေ့ခဲ့သော​အရာ​ဖြစ်သည့် အသက်တော်​တည်းဟူသော နှုတ်ကပတ်တော်​အကြောင်း​ကို သင်တို့​ထံသို့ ကျွန်ုပ်​ရေးလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ