Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 20:34 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 ယေရှု​က “ယခု​ဘဝ​တွင် လူတို့​သည် လက်ထပ်ယူခြင်း​နှင့် လက်ထပ်​ပေးစားခြင်း​ကို ပြုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 သ​ခင်​ယေ​ရှု​က ``ဤ​ဘ​ဝ​၌​လူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​ပြု​တတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ယေ ရှု က ယ ခု ဘ ဝ သား တို့ သည် အိမ် ထောင် ခြင်း၊ ပေး စား ခြင်း ကို ပြု တတ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ယေ​ရှု​က​လည်း၊ ယ​ခု ဘ​ဝ​သား​တို့​သည် စုံ​ဖက်​ခြင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို ပြု​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ယေရှု​က​လည်း“မျက်မှောက်​ကာလ​၏​သားသမီး​တို့​သည် ထိမ်းမြား​စုံဖက်​၍ ပေးစား​ဆောင်နှင်း​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

34 ယေ​ရှု​က​လည်း၊ ယ​ခု ဘ​ဝ​သား​တို့​သည် စုံ​ဖက်​ခြင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို ပြု​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 20:34
7 ပူးပေါင်းရင်းမြစ်များ  

လူသား​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသူ​သည် ခွင့်လွှတ်တော်မူခြင်း​ခံရနိုင်​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသော​သူ​သည် ယခု​ဘဝ၊ နောင်ဘဝ​၌ ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။


ထိုအခါ သူဌေး​သည် မရိုးသားသော​စီမံခန့်ခွဲသူ​၏​ပါးနပ်သည့်​လုပ်ရပ်များ​ကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့​သည် မိမိတို့​၏​လောကီရေးရာ​ကို လုပ်ဆောင်ရာ​တွင် အလင်း​၏​သားသမီးများ​ထက် ပါးနပ်ကြ​သောကြောင့်​ဖြစ်၏။


ရေလွှမ်းမိုးခြင်း​မတိုင်မီ ကာလ​၌ နောဧ​သည် သင်္ဘော​ထဲသို့ ဝင်သည့်​နေ့​အထိ လူတို့​သည် စားသောက်​လျက်၊ လက်ထပ်ယူ​လျက်၊ လက်ထပ်​ပေးစား​လျက် နေ​၍ ပျော်ပါးနေကြ၏။ ထို့နောက် ရေလွှမ်းမိုး​၍ ထို​သူတို့​အားလုံး​သည် သေကျေ​ပျက်စီးကြ၏။


ညီအစ်ကို​ခုနစ်ဦးလုံး​နှင့် ပေါင်းဖက်ခဲ့သူ​ဖြစ်​သောကြောင့် သေရာ​မှ​ထမြောက်မည့်​ကာလ​တွင် ထို​အမျိုးသမီး​သည် မည်သူ​၏​ဇနီး​ဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။


ကျမ်းစာ​တွင် “ထို့ကြောင့် ယောက်ျား​သည် မိခင်​နှင့် ဖခင်​ကို ခွဲခွာ​၍ မိမိ​ဇနီး​နှင့် ပေါင်းဖက်​သဖြင့် သူတို့​နှစ်ဦး​သည် တစ်သားတည်း ဖြစ်ကြ​လိမ့်မည်” ဟု ဖော်ပြထား၏။


ထိမ်းမြား​လက်ထပ်ခြင်း​ကို လူတိုင်း​တန်ဖိုးထား​လေးစားရမည်။ အိမ်ထောင်ရေး​တွင် တစ်ဦး​ကို​တစ်ဦး သစ္စာရှိ​ရမည်။ ဘုရားသခင်​သည် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူတို့​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်သော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ