Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 17:34 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 သင်တို့​အား ငါ​ပြောဆိုသည်​မှာ ထို​ည​တွင် အိပ်ရာ​တစ်ခုတည်း​၌ အိပ်သော လူ​နှစ်ဦး​တွင် တစ်ဦး​သည် ခေါ်ဆောင်သွားခြင်း​ခံရ​၍ တစ်ဦး​သည် ကျန်ရစ်ခဲ့​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​ည​တွင်​အိပ်​ရာ တစ်​ခု​မှာ​အိပ်​နေ​သူ လူ​နှစ်​ယောက်​အ​နက်​တစ် ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ထို ညဉ့်၌ အိပ် ရာ တစ် ခု တွင် လူ နှစ် ဦး ရှိ ရာ တစ် ဦး ကို သိမ်း ယူ၍ တစ် ဦး ကျန် ရစ် လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ငါ​ဆို​သည်​ကား၊ ထို​နေ့​ည​တွင် အိပ်​ရာ​တစ်​ခု၌ ရှိ​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 သင်​တို့​အား ငါ​ဆို​မည်။ ထို​ည​တွင် ခုတင်​တစ်​ခု​ပေါ်၌​ရှိ​သော လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ အခြား​တစ်​ဦး​သည် ကျန်ရစ်​ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

34 ငါ​ဆို​သည်​ကား၊ ထို​နေ့​ည​တွင် အိပ်​ရာ​တစ်​ခု၌ ရှိ​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 17:34
18 ပူးပေါင်းရင်းမြစ်များ  

သတိပြုကြလော့။ ထို​အရာများ​မဖြစ်ပွား​မီ ငါ​သည် သင်တို့​အား ကြိုတင်​သတိပေး​နှင့်ပြီ။


သတိပြုကြလော့။ ထို​အရာများ​မဖြစ်ပွား​မီ ငါ​သည် သင်တို့​ကို ကြိုတင်​သတိပေး​နှင့်ပြီ။


ထိုအခါ ပေတရု​က “အခြားသူ​အပေါင်းတို့​သည် သခင့်​ကို စွန့်ခွာကြ​လျှင်​လည်း အကျွန်ုပ်​သည် မည်သည့်​အခါမျှ စွန့်ခွာမည်​မဟုတ်ပါ” ဟု လျှောက်လေ၏။


ယေရှု​က “ကျဉ်းမြောင်းသော​တံခါး​ကို ဝင်​နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ များစွာသော​လူတို့​သည် ဝင်​နိုင်ရန် ကြိုးပမ်းကြ​သော်လည်း မတတ်နိုင်ကြပေ။


ထိုသို့​မဟုတ်ပါ။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​သည်လည်း နောင်တ​မရ​လျှင် ထို​နည်းတူ​ပျက်စီးကြ​လိမ့်မည်။


ထိုသို့​မဟုတ်ပါ။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​အားလုံး​သည်လည်း နောင်တ​မရ​လျှင် ထို​နည်းတူ ပျက်စီးကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


မိမိ​အသက်​ကို ကယ်တင်​ရန်​ကြိုးပမ်း​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ မိမိ​အသက်​ကို ဆုံးရှုံးသူ​သည် အသက်​ချမ်းသာရ​လိမ့်မည်။


အတူတကွ​ကြိတ်ဆုံ​ကြိတ်နေသော အမျိုးသမီး​နှစ်ဦး​တွင် တစ်ဦး​သည် ခေါ်ဆောင်သွားခြင်း​ခံရ​၍ တစ်ဦး​သည် ကျန်ရစ်ခဲ့​လိမ့်မည်။


ထာဝရဘုရား​သည် ယခင်​က ထိုသို့​ပြုတော်မူ​သောကြောင့် ဘုရားတရား​ကိုင်းရှိုင်းသူတို့​ကို ဆင်းရဲဒုက္ခ​ထဲမှ မည်သို့​ကယ်တင်​ရမည်​ကို​လည်းကောင်း၊ မဖြောင့်မတ်သောသူတို့​ကို တရားစီရင်ရာနေ့​တိုင်အောင် မည်သို့​အပြစ်ဒဏ်ပေး​၍ ထိန်းသိမ်းထား​ရမည်​ကို​လည်းကောင်း သိတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ