Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 3:29 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 သို့ရာတွင် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စော်ကား​ပြောဆိုသော​သူ​မှာမူ မည်သည့်​အခါမျှ ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။ ထာဝရ​ပြစ်ဒဏ်​ကို ခံထိုက်သော​သူ​ဖြစ်သည်” ဟူ၍​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိညာဉ်​တော်​ကို​ပြစ်​မှား သော​သူ​မူ​ကား အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​နိုင်​လိမ့်​မည် မ​ဟုတ်။ သူ​သည်​ထာ​ဝ​ရ​အ​ပြစ်​ကို​ကူး​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​သည် အ​ပြစ်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို အ​ဘယ်​ကာ​လ၌​မျှ မ​ရ​နိုင်​ကြ။ ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​သူ​ဖြစ်​ပေ၏​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သို့သော် မည်သူမဆို သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​လျှင် ထို​သူ​သည် ကာလ​အစဉ်အဆက် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​မ​ရရှိ​ဘဲ ထာဝရ​အပြစ်​သင့်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

29 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​သည် အ​ပြစ်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို အ​ဘယ်​ကာ​လ၌​မျှ မ​ရ​နိုင်​ကြ။ ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​သူ​ဖြစ်​ပေ၏​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 3:29
9 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ထို​သူများ​သည် ထာဝရ​အပြစ်ဒဏ်ခံရသော​နေရာ​သို့ သွားကြ​လိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သော​သူတို့​မှာမူ ထာဝရ​အသက်ရှင်ရာ နေရာ​သို့ သွားကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုအခါ ကျမ်းတတ်ဆရာ​တချို့​က “ဤ​သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆိုနေသည်” ဟု စိတ်ထဲ​၌ တွေးတောနေကြ၏။


မုဆိုးမတို့​၏ အိမ်များ​ကို မတရား​သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုသို့ မိန့်တော်မူရခြင်း​မှာ လူတို့​က “သူ​သည် နတ်ဆိုး​ပူးနေသူ​ဖြစ်သည်” ဟု ပြောဆိုကြ​သောကြောင့်​ဖြစ်၏။


လူသား​ကို နှုတ်​နှင့်​ပြစ်မှားသောသူ​သည် ခွင့်လွှတ်တော်မူခြင်း​ခံရ​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသောသူ​သည် ခွင့်လွှတ်တော်မူခြင်း​မခံရ။


ထို​သူတို့​သည် သခင်ဘုရား​ရှေ့တော်​မှ​လည်းကောင်း၊ သခင်ဘုရား​၏ ဘုန်းတန်ခိုးတော်​ကို ခံစားရခြင်း​မှ​လည်းကောင်း ဖယ်ရှား​ခံရ​ကာ ထာဝရ​ပျက်စီးမည့် ပြစ်ဒဏ်​ကို ခံကြရ​လိမ့်မည်။


သူတို့​သည် မိမိတို့​၏ အရှက်​ကို အမြှုပ်​ကဲ့သို့ ထစေသော အထိန်းအကွပ်မဲ့​ပင်လယ်​လှိုင်းလုံးများ​နှင့်​တူကြ၏။ လှည့်လည်နေသော​ကြယ်များ​နှင့် တူကြ၏။ ထို​ကြယ်များ​အတွက် အမှောင်မိုက်ဆုံးသော ထာဝရ​အမှောင်​ကို ပြင်ဆင်ထား၏။


ထို​ကဲ့သို့​ပင် သောဒုံမြို့၊ ဂေါမောရမြို့​နှင့် အနီး​ရှိ မြို့များ​မှ မြို့သူမြို့သားတို့​သည် လိင်မှု​ကျူးလွန်​၍ သဘာဝ​နှင့် ဆန့်ကျင်သော​မေထုန်​ကို ပြုကြ​သဖြင့် ထာဝရ​မီး​ဒဏ်​ကို ခံရ၏။ ထို့ကြောင့် ထို​မြို့တို့​သည် သင်ခန်းစာ​ယူစရာ​ဖြစ်လာကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ