Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 16:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကင်ခြေမြို့​ရှိ အသင်းတော်​၏ အမှုတော်လုပ်ငန်း​ကို ဆောင်ရွက်နေသော ကျွန်ုပ်တို့​၏​နှမ ဖိဗေ​ကို သင်တို့​နှင့် မိတ်ဆက်​ပေးလိုက်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ကင်​ခြေ​မြို့​အ​သင်း​တော်​တွင်​ကူ​ညီ​မ​စ​သူ၊ ငါ တို့​၏​ညီ​မ​ဖြစ်​သူ​ဖိ​ဗေ​၏​အ​ကြောင်း​ကို​ငါ ထောက်​ခံ​ပြော​ဆို​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ကင် ခြေ မြို့ ရှိ အ သင်း တော် တွင် သင်း ထောက် ဖြစ် သော ငါ တို့ နှ မ ဖိ ဗေ ကို သင် တို့ နှင့် ငါ ကျွမ်း ဝင် စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ကင်​ခြေ​မြို့​အ​သင်း​တော်၌ သင်း​ထောက်​မိန်း​မ​ဖြစ်​သော ငါ​တို့​နှ​မ​ဖိ​ဗေ​ကို သင်​တို့​ထံ​သို့ ငါ​သွင်း​ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ကင်ခြေ​မြို့​ရှိ​အသင်းတော်​၏​အမှု​ကို​ဆောင်ရွက်​သူ​ဖြစ်​သော ငါ​တို့​၏​နှမ ဖိဗေ​ကို သင်​တို့​ထံ မိတ်ဆက်​အပ်နှံ​လို​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 16:1
10 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်ဘုံ​၌​ရှိတော်မူသော​ငါ့​ခမည်းတော်​၏ အလိုတော်​အတိုင်း ဆောင်ရွက်သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။


သူ​သည် ဤ​ဘဝ​၌ ညှဉ်းပန်းနှိပ်စက်ခံရခြင်း​နှင့်တကွ အဆတစ်ရာ​မျှသော အိမ်များ၊ မြေများ၊ ညီအကို​မောင်နှမများ၊ မိခင်များ၊ သားသမီးများ​ကို ရရှိ​လိမ့်မည်။ ထို့ပြင် နောင်ဘဝ​တွင်လည်း ထာဝရ​အသက်​ကို ရရှိ​လိမ့်မည်။


ဟေရုဒ်​၏​အိမ်တော်ထိန်း​ခုဇ​၏​ဇနီး ယောဟန္န​နှင့် ရှုရှန္န​အပါအဝင် ယေရှု​နှင့် တပည့်တော်တို့​အား မိမိတို့​ဥစ္စာများ​ဖြင့် ကူညီ​ထောက်ပံ့သော အခြား​အမျိုးသမီးများ​လည်း ပါကြ၏။


ပေါလု​သည် ကောရိန္သုမြို့​၌ ရက်ပေါင်း​များစွာ နေ​ပြီးနောက် ယုံကြည်သူတို့​အား နှုတ်ဆက်​ကာ ကင်ခြေမြို့​သို့ သွားလေ၏။ ပေါလု​သည် ယခင်က သစ္စာပြုထားခဲ့​သည် ဖြစ်​၍ ရွက်​မလွှင့်မီ ကင်ခြေမြို့​တွင် ဆံပင်ရိတ်လေ၏။ ထို့နောက် ပြစ်ကိလ၊ အာကုလ​တို့​နှင့်အတူ ဆီးရီးယားပြည်​သို့ ရွက်လွှင့်ကြ၏။


ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် ပြန်​၍ ထောက်ခံ​ချီးမွမ်း​ရာ ရောက်သလော။ ကျွန်ုပ်တို့​သည် အခြားသူများ​ကဲ့သို့ သင်တို့​ထံ ထောက်ခံစာ​ယူလာ​ရန် လိုအပ်သလော။ သို့မဟုတ် သင်တို့​ရေးပေးသော ထောက်ခံစာ​ကို လိုအပ်သလော။


အသက်ကြီးသော​အမျိုးသမီးများ​ကို မိခင်​ကဲ့သို့​လည်းကောင်း၊ အသက်ငယ်သော​အမျိုးသမီးများ​ကို နှမ​ကဲ့သို့​လည်းကောင်း စင်ကြယ်​စွာ ပြုမူ​ဆက်ဆံလော့။


ကျွန်ုပ်တို့​၏​နှမ​အပ္ပိ၊ ကျွန်ုပ်တို့​၏​ရဲဘော်ရဲဘက်​အာခိပ္ပု​နှင့်တကွ ဖိလေမုန်​အိမ်​၌ စုဝေးကြသော​အသင်းသားများ​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


ညီအစ်ကို​မောင်နှမ​တစ်ဦးဦး​သည် အစားအစာ​နှင့် အဝတ်အထည် ချို့တဲ့​ဆင်းရဲ​နေ​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ