Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 1:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ထို့ကြောင့် ဘုရားသခင်​သည် ထို​သူတို့​အား ရှက်ဖွယ်ကောင်းသော​ကိလေသာ​လက်သို့ အပ်လိုက်တော်မူ၏။ အမျိုးသမီးများ​ပင်လျှင် သဘာဝ​နှင့်​လျော်ညီသော ဆက်ဆံခြင်း​ကို စွန့်​၍ သဘာဝ​နှင့် ဆန့်ကျင်သော ဆက်ဆံခြင်း​၌ မွေ့လျော်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ရှက် ဖွယ်​ကောင်း​သည့် ကိ​လေ​သာ​လက်​သို့​အပ်​လိုက် တော်​မူ​၏။ မိန်း​မ​တို့​ပင်​လျှင်​ဋ္ဌမ္မ​တာ​ထုံး​စံ အ​စား​ဆန့်​ကျင်​သော​ထုံး​စံ​ကို​ကျင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 သို့ ဖြစ်၍ လည်း ယုတ် ညံ့ သော ဝါ သ နာ သို့ ဘု ရား သ ခင် အပ် လိုက် တော် မူ သည့် အ တိုင်း မိန်း မ ဖြစ် သူ တို့ သည် ဓ မ္ဓ တာ ထုံး စံ အ စား ဆန့် ကျင့် သော ထုံး စံ ကို ကျင့် ကြ သည့် နည်း တူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​သို့​ပြု​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ရှက်​ကြောက်​ဖွယ်​သော ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ မိန်း​မ​တို့​သည် ပ​က​တိ​ထုံး​စံ​ကို​စွန့်၍၊ ပ​က​တိ​နှင့် ဆန့်​ကျင်​ဘက်​ထုံး​စံ​ကို လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ရှက်ဖွယ်​ကောင်း​သော​ကိလေသာ​လက်​သို့ အပ်လိုက်​သဖြင့် သူ​တို့​ထဲမှ မိန်းမ​တို့​ပင်လျှင် သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို သဘာဝ​နှင့်​ဆန့်ကျင်​သော​ဆက်ဆံ​မှု​ဖြင့် လဲလှယ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 1:26
14 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ဘုရားသခင်​သည် သူတို့​ကို သူတို့​၏ စိတ်နှလုံး​တပ်မက်သော စက်ဆုပ်​ညစ်ညမ်းဖွယ်ရာများ​လက်သို့ အပ်လိုက်တော်မူ၏။ ဤသို့ဖြင့် သူတို့​သည် အချင်းချင်း​ဆက်ဆံ​၍ သူတို့​၏ ကိုယ်ခန္ဓာများ​ကို အသရေ​ပျက်စေကြ၏။


ထို့ပြင် ဘုရားသခင်​ကို အသိအမှတ်​ပြုခြင်း​သည် မိုက်မဲသည်​ဟု သူတို့​ထင်မှတ်​သောကြောင့် ဘုရားသခင်​သည် သူတို့​ကို ပညာမဲ့​စွာ​တွေးခေါ်ခြင်း​လက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့​သည် မပြုအပ်သော​အမှုတို့​ကို ပြုကြ၏။


မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊


သူတို့​သည် အရှက်တရား ကင်းမဲ့လာကြ​သဖြင့် ကာမဂုဏ် လိုက်စား​လျက် စက်ဆုပ်​ညစ်ညမ်းဖွယ်ရာ အကျင့်​အမျိုးမျိုးတို့​ကို အလွန် တပ်မက်​စွာ ပြုမူကြ၏။


မနာခံသော​သူတို့​က ဆိတ်ကွယ်​ရာတွင် ပြုသော​အမှု​အကြောင်း​ကို ကျွန်ုပ်တို့​သည် ပြောဆို​ရန်ပင် ရှက်ဖွယ်​ကောင်း၏။


ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ ကိလေသာ​စိတ် မပြင်းပြရ။


တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လိင်တူချင်း​ဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သော​သက်သေခံသူများ​နှင့် မှန်ကန်သော​အယူဝါဒ​ကို ဆန့်ကျင်​သမျှသော​အရာများ​တို့​အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြ​သောကြောင့် ဖြစ်၏။


သို့သော် ဤ​သူတို့​သည် မိမိတို့​နားမလည်သည့်​အရာ​မှန်သမျှ​ကို စော်ကား​ပြောဆိုကြပြီး ဆင်ခြင်တုံ​တရားမဲ့သော တိရစ္ဆာန်များ​နည်းတူ ပင်ကို​ဗီဇ​အရ မိမိတို့​နားလည်သည့်​အတိုင်း ပြု​သဖြင့် ပျက်စီး​ဆုံးရှုံးတတ်ကြ၏။


ထို​ကဲ့သို့​ပင် သောဒုံမြို့၊ ဂေါမောရမြို့​နှင့် အနီး​ရှိ မြို့များ​မှ မြို့သူမြို့သားတို့​သည် လိင်မှု​ကျူးလွန်​၍ သဘာဝ​နှင့် ဆန့်ကျင်သော​မေထုန်​ကို ပြုကြ​သဖြင့် ထာဝရ​မီး​ဒဏ်​ကို ခံရ၏။ ထို့ကြောင့် ထို​မြို့တို့​သည် သင်ခန်းစာ​ယူစရာ​ဖြစ်လာကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ