Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 25:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သတို့သား​သည် ရောက်လာ​ရန် ကြန့်ကြာ​သောအခါ သူတို့​အားလုံး​သည် ငိုက်မျဉ်း​ကာ အိပ်ပျော်သွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက်​လာ​ရန် ကြန့်​ကြာ​၍​နေ​သ​ဖြင့်​သူ​တို့​အား​လုံး​ငိုက် မျဉ်း​အိပ်​ပျော်​ကုန်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 မင်္ဂ လာ ဆောင် သ တို့ သား ကြန့် ကြာ ခိုက် အ ပျို ရံ ရှိ သ မျှ သည် ငိုက်၍ အိပ် ပျော် ကြ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မင်္ဂ​လာ​ဆောင်​လု​လင်​သည် မ​လာ​ဘဲ​နေ​စဉ်၊ ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ငိုက်၍ အိပ်​ပျော်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သတို့သား​သည် ကြန့်ကြာ​နေ​သောကြောင့် သူ​တို့​အားလုံး​သည် ငိုက်မျဉ်း​၍ အိပ်ပျော်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

5 မင်္ဂ​လာ​ဆောင်​လု​လင်​သည် မ​လာ​ဘဲ​နေ​စဉ်၊ ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ငိုက်၍ အိပ်​ပျော်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 25:5
23 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် အစေခံ​သည် ဆိုးသွမ်း​၍ ‘ငါ​၏​သခင်​သည် အိမ်ပြန်​နောက်ကျ​လိမ့်မည်’ ဟု စိတ်​တွင်​ထင်မှတ်​ပြီး


ကာလ​အတန်​ကြာသော် ထို​အစေခံတို့​၏ သခင်​သည် ခရီး​မှ ပြန်ရောက်လာ​၍ သူတို့​နှင့် စာရင်းရှင်းလေ၏။


ပညာသတိရှိသော​အပျိုရံတို့​မှာမူ မိမိတို့​၏ ဆီမီးခွက်များ​နှင့်အတူ ဆီ​အပိုများ​ကိုလည်း ဘူး​ထဲ​၌ ယူခဲ့ကြ၏။


သန်းခေါင်ယံ​အချိန်​၌ ‘သတို့သား ရောက်လာပြီ။ သူ့​အား ထွက်​၍ ကြိုဆိုကြလော့’ ဟူသော အော်ဟစ်သံ​ကို ကြားကြ​သောအခါ


ထို့နောက် ယေရှု​သည် တပည့်တော်တို့​ထံသို့ ပြန်​ကြွ​သောအခါ သူတို့​သည် အိပ်ပျော်​နေကြသည်​ကို တွေ့တော်မူ​သဖြင့် ပေတရု​အား “သင်တို့​သည် တစ်နာရီ​မျှပင် သတိ​နှင့် မစောင့်နိုင်ကြသလော။


ထို့နောက် တပည့်တော်တို့​ထံ ပြန်ကြွလာတော်မူ​သောအခါ သူတို့​သည် ငိုက်မျဉ်း​၍ အိပ်ပျော်နေကြသည်​ကို တွေ့မြင်တော်မူ၏။


ထို​အချိန်​တွင် လူတို့​သည် ဇာခရိ​ကို စောင့်မျှော်​လျက်​နေ​၍ သူ​သည် ဗိမာန်တော်​ထဲ​၌ ကြာမြင့်​စွာ​နေသည်​ကို အံ့ဩကြ၏။


သို့သော် ထို​အစေခံ​က ‘ငါ​၏​သခင်​သည် အိမ်ပြန်​နောက်ကျ​လိမ့်မည်’ ဟု စိတ်​တွင်​ထင်မှတ်​၍ အခြားသော​အစေခံ​ယောက်ျား၊ အစေခံ​မိန်းမတို့​အား ရိုက်နှက်​ကာ သောက်စားမူးယစ်​လျက်​နေလျှင်


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​သည် သူတို့​အတွက် လျင်မြန်​စွာ တရားမျှတ​စွာ စီရင်ပေး​လိမ့်မည်။ သို့ရာတွင် လူသား​ပြန်လည်​ကြွလာ​သောအခါ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်​၌ ယုံကြည်ခြင်း​ရှိသူ​ကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။


ထို့နောက် ယေရှု​က လူတို့​အား ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “လူ​တစ်ဦး​သည် စပျစ်ခြံ​ကို စိုက်ပျိုး​ကာ စပျစ်ခြံလုပ်သားတို့​အား ငှားရမ်းပြီး​မှ အခြား​တိုင်းပြည်​သို့ အချိန်​ကြာမြင့်​စွာ သွားရောက်​နေထိုင်လေ၏။


သင်တို့​သည် ယခု​လက်ရှိ အချိန်အခါ​ကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာ​မှ နိုးထ​ရမည့်​အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်​သည် ကျွန်ုပ်တို့ စတင်​ယုံကြည်ခဲ့သည့် အချိန်​က​ထက် ပို၍ နီးကပ်လာ​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် အလင်း​၌ ဖော်ပြခံရသော အရာ​အားလုံး​သည် အလင်း ဖြစ်လာ​သောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာ​မှ ထလော့။ ခရစ်တော်​သည် သင့်​အပေါ် ထွန်းလင်းတော်မူ​လိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။


မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​နှင့် စောင့်ကြလော့။ သင်တို့​၏ ရန်သူ​ဖြစ်သော မာရ်နတ်​သည် ဟိန်းဟောက်သော​ခြင်္သေ့​ကဲ့သို့ ဝါးမျိုရမည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။


ငါ​လာသည့်​တိုင်အောင် သင်​၌​ရှိသော​အရာ​ကို စွဲကိုင်ထားလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ