Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 23:38 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

38 သင်တို့ အိမ်​သည် လူသူကင်းမဲ့သော​အရပ်​အဖြစ် စွန့်ပစ်ထားခြင်း​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 ထို့​ကြောင့်​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် သည်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 သင့် နေ ရာ ကို လက် လွှတ် တော် မူ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ကြည့်ရှု​လော့။ သင်​တို့​၏​အိမ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​အဖြစ် သင်​တို့​ထံ၌ စွန့်ပစ်​ထား​ခြင်း​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

38 သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:38
21 ပူးပေါင်းရင်းမြစ်များ  

ကြည့်လော့။ သင်တို့​အိမ်​သည် စွန့်ပစ်ထားခြင်း​ခံရ​လိမ့်မည်။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ ‘ထာဝရဘုရား​၏​အမည်​နာမ​နှင့် ကြွလာသော​အရှင်​သည် မင်္ဂလာ​ရှိပါစေသော’ ဟူ၍ သင်တို့​မကြွေးကြော်​မီ​အထိ သင်တို့​သည် ငါ့​ကို မည်သည့်​အခါမျှ မြင်ရ​လိမ့်မည်​မဟုတ်” ဟု မိန့်တော်မူ၏။


သူတို့​သည် ဓားဘေး​ကြောင့် ကျဆုံး​၍ နိုင်ငံ​အသီးသီး​သို့ ဖမ်းဆီး​ခေါ်ဆောင်သွားခြင်း​ခံရကြ​လိမ့်မည်။ ဂျေရုဆလင်မြို့​သည် လူမျိုးခြားတို့ ကြီးစိုးသည့်​ခေတ်ကာလ မကုန်ဆုံးမီ​အထိ ထို​သူတို့​၏​နင်းခြေခြင်း​ခံရ​လိမ့်မည်။


ဂျေရုဆလင်မြို့​အား စစ်တပ်များ​ဝန်းရံထားသည်​ကို သင်တို့ မြင်တွေ့ရ​သောအခါ ထို​မြို့​သည် ပျက်စီးချိန် နီးပြီ​ဖြစ်ကြောင်း သိမှတ်ကြလော့။


ထိုအခါ ယေရှု​က “သင်တို့​ကြည့်နေကြသော ဤ​အရာများ​သည် အကုန်အစင် ဖြိုဖျက်​ခံရ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်​တွင်​တစ်ချပ်​မျှ တင်ကျန်မည်​မဟုတ်သော​နေ့​သည် ရောက်လာ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သော​အရာ​သည် မရှိအပ်သော​နေရာ​၌ ရှိနေသည်​ကို သင်တို့​တွေ့မြင်ရမည့်​နေ့ရက် ရောက်လာ​လိမ့်မည်။ (ဤ​အချက်​ကို စာဖတ်သူ သတိပြုမိပါစေ။) ထို့နောက် ယုဒပြည်​တွင် ရှိသော​သူတို့​သည် တောင်များ​ပေါ်သို့ ပြေးကြ​ရမည်။


ထိုအခါ ယေရှု​က “ဤ​အဆောက်အအုံများ​ကို သင်တို့​မြင်ကြသည် မဟုတ်လော။ သင်တို့​အား ငါ​အမှန်​ဆို၏။ ဤ​အဆောက်အအုံများ​သည် အကုန်အစင်​ဖြိုဖျက်​ခံရ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်တွင် တစ်ချပ်​မျှ တင်ကျန်နေ​လိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ