Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 18:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 တစ်ဖန် ငါ​အမှန်​ဆိုရ​လျှင် လောက​တွင် သင်တို့​ထဲမှ လူ​နှစ်ဦးတို့​သဘောတူ​၍ ဆုတောင်း​လျှင် တောင်း​သမျှသော​ဆု​ကို ကောင်းကင်ဘုံ​ရှိ ငါ့​ခမည်းတော်​သည် ပေးသနားတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ``ထို့​ပြင်​အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ လော​က​တွင်​သင်​တို့​အ​နက်​လူ​နှစ်​ယောက် မျှ​စိတ်​တူ​သ​ဘော​တူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏​ခ​မည်း​တော် သည်​သင်​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တစ် ဖန် ငါ အ မှန် ဆို သည် မှာ သင် တို့ အ နက် နှစ် ဦး နှစ် ယောက် သည် တောင်း လေ ရာ ရာ၌ စပ်၍ မြေ ကြီး ပေါ် တွင် သ ဘော ချင်း တူ ညီ လျှင် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် သည် ထို အ ရာ ကို သ နား တော် မူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 တစ်​ဖန် ငါ​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့​တွင် နှစ်​ယောက်​တို့​သည် သ​ဘော​ချင်း​တူ၍ ဆု​တောင်း​လျှင်၊ တောင်း​သ​မျှ​သော​ဆု​တို့​ကို ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော်​သည် ပေး​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တစ်ဖန် သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် လူ​နှစ်​ဦး​သည် မိမိ​တို့​တောင်းလျှောက်​သည့်​အရာ​အားလုံး​အတွက် မြေကြီး​ပေါ်၌ စိတ်သဘော​တူ​ကြ​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​သည် သူ​တို့​အတွက် ၎င်း​ကို ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 တစ်​ဖန် ငါ​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့​တွင် နှစ်​ယောက်​တို့​သည် သ​ဘော​ချင်း​တူ၍ ဆု​တောင်း​လျှင်၊ တောင်း​သ​မျှ​သော​ဆု​တို့​ကို ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော်​သည် ပေး​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 18:19
20 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် မည်သည့်​အရာ​ကို​မဆို ယုံကြည်ခြင်း​ဖြင့် ဆုတောင်း​လျှင် တောင်း​သမျှ​ကို ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို​ပူဇော်စရာ​ကို ယဇ်ပလ္လင်​ရှေ့တွင် ချထား​၍ ထို​သူ​ထံသို့ သွားလော့။ သူ​နှင့် ပြန်လည်​သင့်မြတ်​ရန် ဦးစွာ​လုပ်ဆောင်​ပြီးနောက် ပြန်လာ​၍ ပူဇော်စရာ​ကို ဘုရားသခင်​ထံ ဆက်သလော့။


တောင်းကြလော့။ တောင်း​လျှင် ရ​လိမ့်မည်။ ရှာကြလော့။ ရှာ​လျှင်​တွေ့​လိမ့်မည်။ တံခါး​ကို ခေါက်ကြလော့။ ခေါက်​လျှင် ဖွင့်ပေး​လိမ့်မည်။


ထို့ကြောင့် သင်တို့​ကို ငါ​ဆိုသည်​မှာ သင်တို့​သည် မိမိတို့​တောင်းလျှောက်​သမျှ​ကို ရရှိပြီ​ဟု ယုံကြည်သော​စိတ်​ဖြင့် ဆုတောင်း​လျှင် တောင်း​သမျှ​ကို ရကြ​လိမ့်မည်။


သင်တို့​သည် ငါ့​ကို ရွေးချယ်ခဲ့သည်​မဟုတ်။ ငါ​သည် သင်တို့​ကို ရွေးချယ်၏။ တည်မြဲမည့်​အသီး​ကို သင်တို့​သီး​စေရန် ငါ​ခန့်ထား၏။ သို့ဖြစ်၍ ငါ့​နာမ​ကို အမှီပြု​၍ ခမည်းတော်​ထံ သင်တို့​တောင်း​သမျှ​ကို ခမည်းတော်​မှ ပေးတော်မူ​ရန် ဖြစ်၏။


သို့သော် သင်တို့​သည် ငါ​၌ တည်​၍ ငါ့​စကားတို့​သည် သင်တို့​၌ တည်​လျှင် သင်တို့​တောင်းလျှောက်​သမျှသော အရာတို့​ကို ရရှိကြ​လိမ့်မည်။


ထို​အချိန်​၌ သင်တို့​သည် မည်သည့်​အရာ​ကိုမျှ ငါ့​ကို မေးမြန်းကြ​လိမ့်မည်​မဟုတ်။ ငါ​အမှန်​ဆိုရ​လျှင် သင်တို့​သည် ငါ့​နာမ​ကို အမှီပြု​၍ ခမည်းတော်​ထံ တောင်း​သမျှ​ကို ခမည်းတော်​သည် ပေးတော်မူ​လိမ့်မည်။


ထို​သူတို့​အားလုံး​သည် မယ်တော်​မာရိ​အပါအဝင် အမျိုးသမီး​တစ်စု၊ ယေရှု​၏​ညီတော်များ​နှင့် တစ်စိတ်တစ်ဝမ်းတည်း​ဖြင့် အဆက်မပြတ်​ဆုတောင်း​လျက် နေကြ၏။


ထိုသို့ ပေတရု​သည် ထောင်​ထဲတွင်​ရှိ​နေစဉ် အသင်းတော်​သည် သူ့​အတွက် ဘုရားသခင်​ထံ စိတ်အားပြင်းပြ​စွာ ဆုတောင်းလေ၏။


ထို​ရူပါရုံ​ကို မြင်ရပြီး​သောအခါ ထို​ပြည်သားတို့​အား သတင်းကောင်း​ဟောပြော​ရန် ကျွန်ုပ်တို့​ကို ဘုရားသခင်​ခေါ်တော်မူပြီ​ဟု ယုံကြည်​ကာ မာကေဒေါနိပြည်​သို့ သွား​ရန် ချက်ချင်း​ဆုံးဖြတ်ကြ၏။


ကျွန်ုပ်တို့​သည် ဆုတောင်းခြင်း​နှင့် နှုတ်ကပတ်​တရားတော်​ဟောပြောခြင်း​အမှုတို့​ကို အစဉ်တစိုက်​ပြုကြမည်” ဟု ပြောလေ၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏ ဆုတောင်းခြင်း​နှင့် ယေရှု​ခရစ်တော်​၏ ဝိညာဉ်တော်​ကူညီမစခြင်းတို့​ဖြင့် ဤ​အခြေအနေ​မှ ကျွန်ုပ်​လွတ်မြောက်မည်​ကို သိ​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ ပညတ်တော်တို့​ကို လိုက်နာ​၍ ကိုယ်တော်​နှစ်သက်တော်မူသော​အရာ​ကို လုပ်ဆောင်ကြ​သောကြောင့် ကိုယ်တော်​ထံ တောင်းလျှောက်​သမျှ​ကိုလည်း ရရှိကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ