Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ဤ​လူတို့​၏ စိတ်နှလုံး​သည် ထုံထိုင်း၏။ သူတို့​၏ နား​သည်​ထိုင်းကြ၏။ မျက်စိ​ကိုလည်း ပိတ်ထားကြ၏။ ထို့ကြောင့် သူတို့​၏ မျက်စိ​သည် မမြင်နိုင်ကြ။ နား​သည် မကြားနိုင်ကြ။ နားမလည်နိုင်​သောကြောင့် စိတ်နှလုံး​သည်လည်း ငါ့​ထံသို့​မပြောင်းလဲနိုင်ကြ။ ငါ့​ကုသမှု​ကိုလည်း မခံယူနိုင်ကြ’ ဟူ၍ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက် သူ​တို့​၏​နား​များ​သည်​လေး​လျက်​မျက်​စိ​များ​သည် ပိတ်​လျက်​ရှိ​၏။ အ​ကယ်​၍​သာ​သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ နား​များ​သည်​ကြား​နိုင်​လျက်၊ စိတ်​နှ​လုံး​သည်​လည်း​သိ​နား​လည်​နိုင်​မည်​ဆို​ပါ​မူ သူ​တို့​သည်​ငါ့​ကို​ခို​လှုံ​ကိုး​စား​လာ​ကြ​မည်​ဖြစ်​၍၊ ငါ​သည်​လည်း​သူ​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပေ​အံ့' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဟေ​ရှာ​ယ ဟော​ချက်​သည်​မှန်​ပေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဤ လူ မျိုး သည် မျက် စိ နှင့် မြင် ခွင့်၊ နား နှင့် ကြား ခွင့် စိတ် နှ လုံး နှင့် နား လည် ခွင့် ရ လျက် ငါ့ ထံ မှ ချမ်း သာ ရ ရန် ပြန် လာ ခွင့် မ ရှိ စေ ခြင်း ငှာ စိတ် နှ လုံး ကို ထိုင်း မှိုင်း စေ၍ နား ကို လေး စေ သည့် ပြင် မျက် စိ ကို လည်း ဖုံး အုပ် ကြ လေ ပြီ ဟု ပ ရော ဖက် ဟေ ရှာ ယ ဟော ချက် အ တိုင်း ထို သူ တို့၌ ပြည့် စုံ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ကြောင်း​မူ​ကား၊ ဤ​လူ​မျိုး​သည် မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့ အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည် တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏ ဟူ​သော​စ​ကား​သည် ဤ​လူ​တို့၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည် ထုံထိုင်း​လျက်​၊ နား​သည်​လည်း လေး​လျက်​၊ မျက်စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်၊ နား​ဖြင့်​ကြား​လျက်​၊စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’ဟူ၍​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 အ​ကြောင်း​မူ​ကား၊ ဤ​လူ​မျိုး​သည် မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့ အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည် တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏ ဟူ​သော​စ​ကား​သည် ဤ​လူ​တို့၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:15
25 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ‘သူတို့​သည် ငါ​လုပ်ဆောင်သည့်​အရာ​ကို ကြည့်​လျက်နှင့်ပင် သဘောမပေါက်နိုင်ကြ။ ငါ​ပြောသည့်​စကား​ကို နားထောင်​လျက်နှင့်ပင် နားမလည်။ အကယ်၍ သူတို့​သည် သဘောပေါက်​၍ နားလည်​ပါက ငါ့​ထံသို့ ပြောင်းလဲ​၍ ခွင့်လွှတ်တော်မူခြင်း​ကို ခံရကြ​လိမ့်မည်’ ” ဟု မိန့်တော်မူ၏။


“အသင်​မြို့တော်… သင်​၏​ငြိမ်းချမ်းသာယာမှု​ကို ဖြစ်စေသည့်​အရာများ​ကို ယနေ့​ပင် သင်​သည် သိမြင်ခဲ့​ပါက မင်္ဂလာရှိ၏။ သို့သော် ယခု​မှာမူ ထို​အရာများ​ကို သင်​၏​မျက်စိ​ရှေ့မှ ဝှက်ထား​လျက်​ရှိ၏။


အဘယ်ကြောင့်ဆိုသော် ဤ​လူတို့​၏​စိတ်နှလုံး​သည် ထုံထိုင်း​လျက်၊ နား​သည်​ထိုင်း​လျက်၊ မျက်စိ​သည်လည်း ပိတ်​လျက်​ရှိသောကြောင့်​ဖြစ်၏။ ထို့ကြောင့် သူတို့​၏​မျက်စိ​သည် မမြင်နိုင်ကြ။ နား​သည် မကြားနိုင်ကြ။ နားမလည်နိုင်​သောကြောင့် စိတ်နှလုံး​သည်လည်း ငါ့​ထံသို့​မပြောင်းလဲနိုင်ကြ။ ငါ့​ကုသမှု​ကိုလည်း မခံယူနိုင်ကြ’ ဟူ၍ ဖြစ်၏။


ထို့ကြောင့် သင်တို့​၏​အပြစ်များ​ကို ဘုရားသခင် ဖြေလွှတ်တော်မူ​စေရန် နောင်တရ​၍ ပြောင်းလဲကြလော့။


သို့သော် ထို​သူတို့​သည် ကျယ်လောင်​စွာ အော်ဟစ်​၍ နားများ​ကို ပိတ်​လျက် သူ့​ထံသို့ အရှိန်အဟုန်​ဖြင့် တညီတညွတ်တည်း ပြေးသွားကြ၏။


သမ္မာတရား​ကို နားမထောင်ဘဲ ဒဏ္ဍာရီများ​ကိုသာ နားထောင်ကြ​လိမ့်မည်။


ဤ​အကြောင်းအရာ​နှင့်​ပတ်သက်​၍ ကျွန်ုပ်တို့​၌ ပြောစရာ​များစွာ ရှိ​သော်လည်း သင်တို့​သည် နားလည်​ရန် မကြိုးစားတော့​သောကြောင့် ရှင်းပြ​ရန် ခက်ပေ၏။


မြို့​၏ လမ်းမကြီး​အလယ်​သို့ စီးဆင်း၏။ မြစ်​တစ်ဖက်တစ်ချက်​၌ အသီး​ဆယ့်နှစ်မျိုး​ဖြင့် လစဉ်​အသီးသီးသော အသက်ပင်​ရှိ၏။ ထို​အပင်​၏ အရွက်တို့​မှာ လူအပေါင်းတို့​၏ အနာရောဂါများ​ကို ကျန်းမာ​စေရန်​အတွက်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ