ထို့နောက် ကောင်းကင်အလယ်၌ ပျံဝဲနေသည့် လင်းယုန်ငှက်တစ်ကောင်ကို ကျွန်ုပ်မြင်ရ၏။ ထိုလင်းယုန်က “ကျန်ရှိသောကောင်းကင်တမန်သုံးပါးတို့၏ တံပိုးခရာမှုတ်တော့မည့်အသံကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်” ဟုကျယ်လောင်စွာ ကြွေးကြော်သည်ကို ကျွန်ုပ်ကြားရ၏။