ဗျာဒိတ် 10:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုအခါ ပင်လယ်နှင့် ကုန်းမြေပေါ်တွင် ရပ်နေသည့် ကျွန်ုပ်မြင်ခဲ့သော ကောင်းကင်တမန်သည် သူ၏လက်ယာလက်ကို ကောင်းကင်သို့ မြှောက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ထိုနောက်ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေ သောကောင်းကင်တမန်သည် မိမိ၏လက်ယာ ကိုကောင်းကင်သို့မြှောက်ချီကာ၊- အခန်းကိုကြည့်ပါ။Garrad Bible5 ထို အ ခါ ရေ မြေ ပေါ် မှာ ရပ် နေ ရာ ငါ မြင် သော စေ တ မန် တော် လည်း ကောင်း ကင် သို့ ညာ လက် မြှောက် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible5 ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ယာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထိုအခါ ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေသည်ကို ငါမြင်ရသောကောင်းကင်တမန်က မိမိ၏လက်ယာလက်ကို ကောင်းကင်သို့မြှောက်လျက် အခန်းကိုကြည့်ပါ။ |
“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။
ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်မှစ၍ လူတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးကို မြင်ကြရပြီ။ ထိုအရာများကို ထောက်ရှု၍ မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်ခြင်း သဘောသဘာဝကို ရှင်းလင်းစွာ နားလည်နိုင်ကြ၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်အကြောင်းကို မသိဟု ဆင်ခြေပေးစရာ မရှိပေ။