Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ သက် 3:7

Judson Bible

အ​ကြောင်း​မူ​ကား၊ ငါ​တို့​ပေး​သော ပုံ​သက်​သေ​ကို​လိုက်၍ သင်​တို့​သည် အ​ဘယ်​သို့​ကျင့်​ရ​မည်​ဟု သင်​တို့ ကိုယ်​တိုင်​သိ​ကြ၏။ ငါ​တို့​သည် သင်​တို့​တွင် မ​တ​ရား​စွာ ပြု​ကြ​သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​လုပ်​သော​ဥ​စ္စာ​ကောင်း​သည်​ကို ရိပ်​မိ၍၊ သူ၏​မီး​ခွက်​သည် တစ်​ည​လုံး​မ​သေ​တတ်။

ငါ​သည်​ခ​ရစ်​တော်၏ နည်း​တူ​ကျင့်​သ​ကဲ့​သို့ သင်​တို့​လည်း ငါ့​နည်း​တူ ကျင့်​ကြ​လော့။

သို့​ဖြစ်၍၊ ငါ​ကျင့်​သည်​နည်း​တူ သင်​တို့​သည် ကျင့်​ကြ​မည်​အ​ကြောင်း ငါ​နှိုး​ဆော် တောင်း​ပန်၏။-

ညီ​အစ်​ကို​တို့၊ ငါ​ကျင့်​သည်​နည်း​တူ သင်​တို့​သည် တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြ​လော့။ ငါ​တို့​ပေး​သော ပုံ​သက်​သေ​နှင့်​အ​ညီ ကျင့်​သော​သူ​တို့​ကို​လည်း ရှု​မှတ်​ကြ​လော့။-

သင်​တို့​သည် အ​ထက်​က​သင်​ယူ၍ ငါ၌​ကြား​မြင် ခဲ့​ပြီး​သ​မျှ​တို့​ကို ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင်၊ ငြိမ်​သက်​ခြင်း၏ အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။

မိ​မိ​နိုင်​ငံ​တော်​နှင့် ဘုန်း​တော်​ထဲ​သို့၊ သင်​တို့​ကို ခေါ်​သွင်း​တော်​မူ​သော ဘု​ရား​သ​ခင်​နှင့် အ​ထိုက်​အ​လျောက် သင်​တို့​သည် ကျင့်​ဆောင်​စေ​ခြင်း​ငှာ၊ အ​ဘ​သည် မိ​မိ​သား​တို့​ကို ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​ရှိ​သ​မျှ​ကို အ​ဘယ်​သို့ တိုက်​တွန်း​သွေး​ဆောင်၍ မှာ​ထား​သည်​ကို သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​တွင် ငါ​တို့​သည် အ​ဘယ်​သို့ သန့်​ရှင်း​ဖြောင့်​မတ်​လျက်၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​နေ​ကြ​သည်​ကို သင်​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည်​လည်း သက်​သေ​ဖြစ်​တော်​မူ၏။

တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ မ​တ​ရား​စွာ​ပြု​သော​သူ​တို့​ကို သ​တိ​ပေး​ကြ​လော့။ စိတ်​ငယ်​သော​သူ​တို့​ကို အား​ပေး​ကြ​လော့။ အား​နည်း​သော သူ​တို့​ကို ထောက်​မ​ကြ​လော့။ ခပ်​သိမ်း​သော​သူ​တို့​အား ရှည်​သော​စိတ် ရှိ​စေ​ကြ​လော့။-

တစ်​နည်း​ကား၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​ထံ၌​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း မ​ကျင့်​ဘဲ၊ မ​တ​ရား​စွာ​ပြု​သော ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​ကို ရှောင်​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​ထား​ကြ၏။-

ထို​သို့​ပြု​သော်​လည်း၊ မ​ခံ​မ​ယူ​ပိုင်​သော​ကြောင့် ပြု​သည်​မ​ဟုတ်။ သင်​တို့​လိုက်​စ​ရာ​ဖို့ ပုံ​သက်​သေ ဖြစ်​စေ​ခြင်း​ငှာ​ပြု​ကြ၏။-

သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။-

အ​ရာ​ရာ၌ ကောင်း​သော​အ​ကျင့်​တို့၏ ပုံ​သက်​သေ​ကို ကိုယ်​တိုင်​ပြ​လော့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​အ​ခါ၊ မိ​စ္ဆာ​ဒိ​ဋ္ဌိ​နှင့်​ကင်း​ခြင်း၊ တည်​ကြည်​ခြင်း၊-

အ​သီး​အ​သီး​အုပ်​သော အ​သင်း​တော်​တို့​ကို အာ​ဏာ​ထား၍ အ​စိုး​တ​ရ​ပြု​သည်​မ​ဟုတ်​ဘဲ၊ သိုး​တော်​စု​ရှေ့​မှာ ပုံ​သက်​သေ​ကို​ပြ​သော​သူ ဖြစ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ