Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 9:7

Judson Bible

ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ​နှင့် ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။

သို့​သော်​လည်း ကိုယ်​တိုင်​ရောက်၍ မ​မြင်​မီ ထို​စ​ကား​ကို​မ​ယုံ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ပ​ညာ​ကျယ်​ခြင်း​အ​ရာ​မှာ၊ အ​ရင်​ကြား​ရ​သော စ​ကား​သည် တစ်​ဝက်​ကို​မျှ မ​မီ။ အ​ကျွန်ုပ် ကြား​ရ​သော သ​တင်း​ကို ကိုယ်​တော်​လွန်​ကဲ​ပါ၏။

ကိုယ်​တော်​ကို​နှစ်​သက်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​စား​တော် ရှင်​ဘု​ရင်​အ​ရာ​နှင့် ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်​တော်​မူ​သော ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ချစ်၍ အ​စဉ်​အ​မြဲ တည်​စေ​ချင်​သော​ကြောင့်၊ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား ပြော​ဆို၍၊

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။

ဖြောင့်​မတ်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် လူ​အ​များ​ကို ကျွေး​တတ်၏။ မိုက်​သော​သူ​တို့​မူ​ကား၊ ဉာဏ်​မ​ရှိ​သော​ကြောင့် သေ​ကြ​လိမ့်​မည်။

ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​သည် ပ​ညာ​ရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ပျက်​စီး​တတ်၏။

အ​ကြောင်း​မူ​ကား၊ ပ​ညာ​ကုန်​သွယ်​ခြင်း​သည် ငွေ​ကုန်​သွယ်​ခြင်း​ထက်​သာ၍​ကောင်း၏။ ပ​ညာ​ကုန်​သွယ်၍ ရ​သော​အ​မြတ်​လည်း ရွှေ​စင်​ထက်​သာ၍​ကောင်း၏။

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​ကို သင်​နှင့်​မ​ကွာ​စေ​နှင့်။ ထို​တ​ရား​တို့​ကို သင်၏​လည်​ပင်း၌ ဆွဲ​ထား​လော့။ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​သွင်း​လော့။

ငါ့​စ​ကား​ကို​ကြား၍ ငါ့​တံ​ခါး​နား​မှာ နေ့​တိုင်း​စောင့်​လျက်၊ တံ​ခါး​တိုင်​နား​မှ​မျှော်​လင့်​လျက်​နေ​သော သူ​သည် မင်္ဂ​လာ​ရှိ၏။

ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ထို​သူ​သည် ကိုယ်​မိ​ဘ​ဖြစ်​သော်​လည်း ငါ​မ​တွေ့​မ​မြင်​ဟု ဆို​တတ်၏။ ကိုယ်​ညီ​အစ်​ကို​ကို​လည်း မ​မှတ်​တတ်။ ကိုယ်​သား​သ​မီး​ကို​လည်း မ​သိ​တတ်။ အ​ကြောင်း​မူ​ကား၊ စ​ကား​တော်​ကို​နား​ထောင်၍ ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို စောင့်​ရှောက်​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ