ဘိုးဘေးတို့နှင့်အိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှဆင်းသက်သော သားကို ငါချီးမြှောက်၍ သူ၏နိုင်ငံကိုတည်ထောင်မည်။
သို့မဟုတ် ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသောသူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
ဘိုးဘေးတို့နှင့်အိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ဒါဝိဒ်သည် ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏။
ဣသရေလ အမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ ရှေခင်မြို့သို့သွားကြ၍၊ သူသည်လည်း သွား၏။