Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 9:29

Judson Bible

ရှော​လ​မုန်​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ပ​ရော​ဖက်​နာ​သန်၏​ကျမ်း၊ ရှိ​လော​မြို့​သား အ​ဟိ​ယ၏ အ​နာ​ဂ​တ္တိ​ကျမ်း၊ နေ​ဗတ်​သား ယေ​ရော​ဗောင်​တစ်​ဖက်၌ ပ​ရော​ဖက်​ဣ​ဒ္ဒေါ၏ ဗျာ​ဒိတ်​ကျမ်း၌ ရေး​ထား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​နာ​သန်​ကို ဒါ​ဝိဒ်​ထံ​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ နာ​သန်​သည်​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ဤ​မည်​သော​မြို့​တွင် သူ​ဌေး​တစ်​ဦး၊ ဆင်း​ရဲ​သား​တစ်​ဦး​ရှိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို​ချစ်၍​ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့်၊ ပ​ရော​ဖက်​နာ​သန်​ကို စေ​ခိုင်း၍ ယေ​ဒိ​ဒိ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ​သား ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ​အ​စ​ရှိ​သော ဒါ​ဝိဒ်၏​မှူး​ကြီး​မတ်​ကြီး​များ​မူ​ကား၊ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။

ထို​မှ​တစ်​ပါး ရှော​လ​မုန်၏ ကျွန်​တစ်​ယောက်၊ ဧ​ဖ​ရိမ်​အ​မျိုး၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်၏​သား ယေ​ရော​ဗောင်​သည်​လည်း ရှင်​ဘု​ရင်​ကို​ပုန်​ကန်၏။ သူ၏​အ​မိ​ကား၊ ဇေ​ရွာ​အ​မည်​ရှိ​သော မု​ဆိုး​မ​တည်း။

တစ်​ရံ​ရော​အ​ခါ ယေ​ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့​ပြင်​သို့ ထွက်​သွား​သည်​ရှိ​သော်၊ ရှိ​လော​မြို့​သား​အ​ဟိ​ယ​သည် ဝတ်​လုံ​သစ်​နှင့် ကိုယ်​ကို​ခြုံ​လျက်၊ ယေ​ရော​ဗောင်​ကို​ကြို​ဆို၍ လယ်​ပြင်၌ ထို​သူ​နှစ်​ယောက်​တည်း ရှိ​စဉ်​အ​ခါ၊

ယေ​ရော​ဗောင်​သည် မိ​မိ​မ​ယား​ကို​ခေါ်၍၊ သင်​သည် ယေ​ရော​ဗောင်၏ မ​ယား​ဖြစ်​သည်​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ ခြား​နား​သော အ​ဆင်း​အ​ရောင်​ကို ဆောင်​ပြီး​လျှင်၊ ရှိ​လော​မြို့​သို့​ထ​သွား​ပါ​လော့။ ငါ​သည် ဤ​လူ​မျိုး​ကို စိုး​စံ​ရ​မည်​အ​ကြောင်း​ကို​ပြ​သော ပ​ရော​ဖက်​အ​ဟိ​ယ​သည် ထို​မြို့၌​ရှိ၏။

ဒါ​ဝိဒ်​မင်း​ကြီး​ပြု​မူ​သော အ​မှု​အ​ရာ အ​စ​အ​ဆုံး​ရှိ​သ​မျှ၊ အ​စိုး​ရ​ခြင်း၊ တန်​ခိုး​ကြီး​ခြင်း​နှင့်​တ​ကွ၊

ရှော​လ​မုန်​မင်း​ကြီး​ထံ​မှ၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး​သော နေ​ဗတ်၏​သား ယေ​ရော​ဗောင်​သည်၊ ထို​သ​တင်း​ကို​ကြား၍ အဲ​ဂု​တ္တု​ပြည်​မှ ပြန်​လာ၏။

ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ အ​စ​အ​ဆုံး​တို့​သည်၊ ပ​ရော​ဖက်​ရှေ​မာ​ယ၏​ကျမ်း​နှင့်၊ ပ​ရော​ဖက်​ဣ​ဒ္ဒေါ စီ​ရင်​သော သား​စဉ်​မြေး​ဆက်​စာ​ရင်း၌ ရေး​ထား​လျက်​ရှိ၏။ ရော​ဗောင်​နှင့် ယေ​ရော​ဗောင်​တို့​သည်၊ အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။

အ​ဘိ​ယ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် ကျင့်​သော​အ​ကျင့်၊ ပြော​သော​စ​ကား​များ​တို့​သည်၊ ရာ​ဇ​ဝင်​နှင့်​ဆက်၍ ပ​ရော​ဖက်​ဣ​ဒ္ဒေါ စီ​ရင်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ