ပြည်တော်၌ ကျန်ကြွင်းသော တစ်ပါးအမျိုးသား ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ အမျိုးအနွယ် သားစဉ်မြေးဆက် အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် အခွန်ပေးစေ၏။
အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဒသားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
ပြည်တော်၌ကျန်ကြွင်းသော တစ်ပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ကျွန်ခံစေ၏။
ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ်သားကို၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဖောင်လုပ်၍ ပင်လယ်လမ်းဖြင့်၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော၏။
ဣသရေလ အမျိုးသားတို့ကိုကား၊ ရှောလမုန်သည် အမှုတော်ထမ်းကျွန် မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော်မူ၏။
ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မပြု၊ တစ်ပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။
ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။
ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေးစေကြ၏။