Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 8:18

Judson Bible

ဟိ​ရံ​သည်​လည်း ပင်​လယ်​ကူး​သော​အ​မှု​ကို နား​လည်​သော မိ​မိ​လူ​များ၊ သင်္ဘော​သား​များ​ကို မိ​မိ​ကျွန်​တို့​နှင့်​အ​တူ ရှော​လ​မုန်​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရှော​လ​မုန်​မင်း၏​ကျွန်​တို့​နှင့်​အ​တူ ဩ​ဖိ​ရ​မြို့​သို့​သွား၍ ရွှေ​အ​ခွက် လေး​ရာ​ငါး​ဆယ်​ကို ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​သည် တာ​ရှု​သင်္ဘော​ကို ဟိ​ရံ​မင်း​သင်္ဘော​နှင့်​အ​တူ စေ​လွှတ်​သ​ဖြင့်၊ သုံး​နှစ်​တစ်​ခါ တာ​ရှု​သင်္ဘော​သည် ပြန်​လာ၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ မျောက်​များ၊ ဒေါင်း​များ​ကို ဆောင်​ခဲ့​တတ်၏။

ဩ​ဖိ​ရ​မြို့​မှ ရွှေ​ကို​ဆောင်​ခဲ့​သော ဟိ​ရံ​ကျွန်​နှင့် ရှော​လ​မုန်​ကျွန်​တို့​သည်၊ အာ​လ​ဂုံ​သစ်​သား​များ၊ ကျောက်​မြတ်​များ​တို့​ကို​လည်း ဆောင်​ခဲ့​ကြ၏။

ရှော​လ​မုန်​ထံ​သို့ တစ်​နှစ်​တစ်​နှစ်​လျှင် ရောက်​သော​ရွှေ​အ​ချိန်​ကား အ​ခွက်​ခြောက်​ရာ ခြောက်​ဆယ်​ခြောက်​ပိဿာ​ဖြစ်​သ​တည်း။

ရှင်​ဘု​ရင်၏​သင်္ဘော​သည် ဟိ​ရံ​မင်း​ကျွန်​တို့​နှင့် တာ​ရှု​မြို့​သို့​သွား​တတ်​သ​ဖြင့်၊ သုံး​နှစ်​တစ်​ခါ တာ​ရှု​သင်္ဘော​သည်​ပြန်​လာ၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ မျောက်​များ၊ ဒေါင်း​များ​ကို ဆောင်​ခဲ့​တတ်၏။

ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​နှင့်​ဆိုင်​သော ဘ​ဏ္ဍာ၊ ကျေး​ရွာ​တို့၌​ခွဲ​သော အ​ခွန်​ကို​လည်း​ကောင်း ငါ​ဆည်း​ပူး၏။ အ​ငြိမ့်​သ​မား ယောက်ျား​မိန်း​မ​တို့​ကို​လည်း​ကောင်း၊ လူ​သား​တို့ ပျော်​မွေ့​တတ်​သော ကြင်​ရာ မိန်း​မ​မောင်း​မ​မိဿံ​တို့​ကို​လည်း​ကောင်း ငါ​သိမ်း​ယူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ