Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 8:14

Judson Bible

ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် ငါ့​လျှာ၌​တည်၏။

ထို​အ​ခါ ယေ​ရော​ဗောင်​သည် နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ ယဇ်​ပ​လ္လင်​နား​မှာ​ရပ်​နေ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​မှ ဗေ​သ​လ​မြို့​သို့ ရောက်​လာ၍၊

ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ၊ နေ့​တိုင်း ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​စဉ်​အ​မြဲ ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ အာ​သပ်​နှင့် သူ၏​ညီ​တို့​ကို​လည်း​ကောင်း၊

သီ​ချင်း​သည်​တို့၏ အ​ဆောင်၊ တံ​ပိုး၊ ခွက်​ကွင်း အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တူ​ရိ​ယာ​မျိုး​ကို​ကိုင်​သော ဟေ​မန်​နှင့်​ယေ​ဒု​သုန်​အ​စ​ရှိ​သော ရွေး​ကောက်၍ စာ​ရင်း​သွင်း​သော​သူ အ​ခြား​တို့​ကို​လည်း ထား​တော်​မူ၏။ ယေ​ဒု​သုန်​သား​တို့​သည်​လည်း တံ​ခါး​စောင့်​ဖြစ်​ကြ၏။

ဒါ​ဝိဒ်​မင်း​သည် အ​သက်​ကြီး၍ ကာ​လ​ပြည့်​စုံ​ရာ အ​ချိန်​ရောက်​သော​အ​ခါ၊ သား​တော်​ရှော​လ​မုန်​ကို ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍၊

အာ​ရုန်​အ​မျိုး​သား အ​သီး​အ​ခြား​သင်း​ဖွဲ့​ရာ​မှာ၊ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ တည်း။

ဒါ​ဝိဒ်​သည် ဧ​လာ​ဇာ​အ​မျိုး​ဇာ​ဒုတ်​နှင့် ဣ​သ​မာ​အ​မျိုး အ​ဟိ​မ​လက်​ကို အ​သီး​အ​သီး​ဆောင်​သင့်​သည်​အ​တိုင်း ခန့်​ထား​လေ၏။

ထို​မှ​တစ်​ပါး အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​သား​တို့​နှင့်​အ​တူ​ဝိုင်း၍ စောင်း၊ တ​ယော၊ ခွက်​ကွင်း​ကို တီး​မှုတ်​လျက် ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ ဒါ​ဝိဒ်​နှင့် ပ​ရိ​သတ်​ဗိုလ်​ခြေ အ​ကြီး​အ​ကဲ​တို့​သည် ခွဲ​ခန့်​သော​သူ​တို့ စာ​ရင်း​ဟူ​မူ​ကား၊

အ​သီး​အ​သီး​သင်း​ဖွဲ့​သော တံ​ခါး​စောင့်​များ​ဟူ​မူ​ကား။ ကော​ရ​ဟိ​အ​မျိုး ဧ​ဗျာ​သပ်​အ​နွယ်၊ ကော​ရ​သား မေ​ရှ​လေ​မိ၊

ထို​ပုံ​များ​ရှိ​သ​မျှ​တို့​ကို ရေး​ထား​သည်​အ​တိုင်း၊ နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပေး​တော်​မူ၏။

တံ​ခါး​စောင့်​မူ​ကား ရှ​လ္လုံ၊ အ​က္ကုပ်၊ တာ​လ​မုန်၊ အ​ဟိ​မန်​အ​စ​ရှိ​သော ညီ​အစ်​ကို​တစ်​စု၊

တံ​ခါး​စောင့်​တို့​သည် အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ၌ စောင့်​နေ​ရ​ကြ၏။

မ​သန့်​ရှင်း​သော​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ရှိ​သော​သူ​ကို မ​ဝင်​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော် တံ​ခါး​စောင့်​တို့​ကို​လည်း ခန့်​ထား​လေ၏။

သင်​တို့​ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊ ဥ​ပုသ်​နေ့၌​ဝင်​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​သုံး​စု​တစ်​စု​သည် တံ​ခါး​စောင့်​လုပ်​ရ​မည်။

ဒါ​ဝိဒ်​မင်း​ကြီး​နှင့် သူ၏​ပ​ရော​ဖက်​ဂဒ်၊ ပ​ရော​ဖက်​နာ​သန်​တို့ စီ​ရင်​သည်​အ​တိုင်း ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့် တီး​မှုတ်​သော​လေ​ဝိ​သား​တို့​ကို၊ ဗိ​မာန်​တော်၌ ခန့်​ထား​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အား​ဖြင့် စီ​ရင်​တော်​မူ​သ​တည်း။

ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။

ထို​သို့ ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း၊ ဝတ်​ပြု​စ​ရာ​ပြင်​ဆင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​နေ​ရာ၌​ရပ်၍၊ လေ​ဝိ​သား​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ကြ၏။

ဒါ​ဝိဒ်​နှင့် ရှင်​ဘု​ရင်၏​ပ​ရော​ဖက် အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​တို့ စီ​ရင်​သည်​အ​တိုင်း၊ အာ​သပ်​အ​မျိုး​သား သီ​ချင်း​သည်​တို့​သည် မိ​မိ​တို့​နေ​ရာ၌ ရှိ​ကြ၏။ တံ​ခါး​စောင့်​တို့​သည် မိ​မိ​တို့​အ​မှု​ကို​မ​ရှောင်၊ တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ကြ၏။ သူ​တို့​ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် သူ​တို့​အ​ဖို့ ပြင်​ဆင်​ကြ၏။

ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဒါ​ဝိဒ်​မှတ်​စာ၊ သား​တော်​ရှော​လ​မုန်​မှတ်​စာ​နှင့်​အ​ညီ သင်း​ဖွဲ့​သည်​အ​တိုင်း၊ အ​ဆွေ​အ​မျိုး​အ​လိုက် ကိုယ်​ကို​ပြင်​ဆင်၍၊

ထို​အ​ခါ စည်း​ဝေး​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​သင့်​သည်​အ​တိုင်း အ​မှု​တော်​ကို​မ​စောင့်၊ ရှိ​သ​မျှ​တို့​သည် သန့်​ရှင်း​သည်​ဖြစ်၍ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​ပြီး​လျှင်၊

အ​မှု​တော်​များ၊ ဘ​ဏ္ဍာ​တော်​များ​နှင့်​ဆိုင်​သော​အ​ရာ​မှာ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ထို​သူ​တို့​သည် ပြု​ကြ၏။

မော​ရှေ​ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား​ဝတ်​ကို ပြု​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ် အ​သီး​အ​သီး​တို့​ကို​လည်း​ကောင်း၊ သင်း​ဖွဲ့​သော လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။

လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ကပ်​မျေ​လ​သား ယော​ရှု​တို့​သည် ညီ​အစ်​ကို​များ​နှင့် ဝိုင်း၍ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​အ​မှု​ကို အ​လှည့်​လှည့် စောင့်​ရ​ကြ၏။

မဿ​နိ၊ ဗာ​က​ဗု​ကိ၊ ဩ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်၊ အ​က္ကုပ်​တို့​သည်​လည်း တံ​ခါး​ဝ​နား​မှာ စောင့်​ရ​သော တံ​ခါး​စောင့်​ဖြစ်​ကြ၏။

သူ၏​ညီ ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ၊ ဟာ​န​နိ​တို့​သည် ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်၏​တူ​ရိ​ယာ​မျိုး​ကို ကိုင်​လျက်​လိုက်​ကြ၏။ ကျမ်း​တတ်​ဆ​ရာ ဧ​ဇ​ရ​သည် သူ​တို့​ရှေ့​မှာ သွား၏။

ယု​ဒ​ပြည်​ကို​အ​စိုး​ရ​သော ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ အ​ဘိ​ယ​အ​သင်း​အ​ဝင် ဖြစ်၍၊ ဇာ​ခ​ရိ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ၏။ သူ၏​ခင်​ပွန်း​သည် အာ​ရုန်​အ​မျိုး​အ​နွယ်​ဖြစ်၏။ သူ့​အ​မည်​ကား ဧ​လိ​ရှ​ဗက်​တည်း။-

ဇာ​ခ​ရိ​သည် မိ​မိ​အ​သင်း​နှင့် တ​ကွ အ​လှည့်​သင့်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​သည်​တွင်၊-

နောက်​မှ​ထို​သူ​ကို​ပယ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဒါ​ဝိဒ်​ကို ချီး​မြှောက်​တော်​မူ၏။ ထို​သူ​အား သက်​သေ​ခံ​တော်​မူ​လျက်၊ စိတ်​နှ​လုံး၌ ညီ​ညွတ်​သည်​ဖြစ်၍ ငါ့​အ​လို​ကို​ပြည့်​စုံ​စေ​မည့်​သူ၊ ယေ​ရှဲ၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ရ​ပြီ​ဟု မိန့်​တော်​မူ၏။-

ဒါ​ဝိဒ်​သည် မိ​မိ​ကာ​လ၌ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင်၊ ကျိန်း​စက်၍ မိ​မိ​ဘိုး​ဘေး​စု​ထဲ​သို့​ဝင်​သ​ဖြင့် ပုပ်​စပ်​ခြင်း​သို့ ရောက်​လေ၏။-

ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​သည် မ​သေ​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​သော မင်္ဂ​လာ​စ​ကား​ဟူ​မူ​ကား၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ