အမှုတော်ထမ်းများကို အုပ်သောသူ၊ ရှောလမုန်မင်း ခန့်ထားသော မှူးမတ်ကြီး နှစ်ရာငါးဆယ်ရှိကြ၏။
အုပ်ချုပ်သော မင်းအရာရှိမှတစ်ပါး လုပ်ဆောင်သောသူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။
တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။
ထမ်းသောသူ ခုနစ်သောင်း၊ တောင်ပေါ်မှာ သစ်ခုတ်သောသူ ရှစ်သောင်း၊ အမှုကိုကြည့်ရှုစီရင်သောသူ သုံးထောင်ခြောက်ရာတို့ကို ခွဲထားတော်မူ၏။
ဖာရောဘုရင်၏သမီးတော်ကို၊ ရှောလမုန်သည် ဒါဝိဒ်မြို့မှခေါ်၍ သူ့အဖို့ တည်ဆောက်သော နန်းတော်သို့ ဆောင်ခဲ့၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ သေတ္တာတော်ရောက်လာသောအရပ်သည် သန့်ရှင်းသောကြောင့်၊ ငါ့မယားသည် ဣသရေလရှင်ဘုရင် ဒါဝိဒ်အိမ်တော်၌ မနေသင့်ဟု သဘောရှိ၏။
ဣသရေလ အမျိုးသားတို့ကိုကား၊ ရှောလမုန်သည် အမှုတော်ထမ်းကျွန် မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော်မူ၏။