၂ ရာချုပ် 7:5Judson Bibleနွားနှစ်သောင်းနှစ်ထောင်၊ သိုးတစ်သိန်းနှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာလည်းကောင်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှာလည်းကောင်း၊ ညဉ့်ဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကို ပူဇော်ခြင်းငှာလည်းကောင်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်၍ ပူဇော်ရမည်။
ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင်ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းစရာဖို့ ဒါဝိဒ်မင်းကြီးစီရင်သော တူရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံသီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။
မင်းသားသည်လည်း ပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက်အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။