Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 7:22

Judson Bible

တစ်​ယောက်​က၊ သူ​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သူ​တို့​သည်​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​ကို​မှီ​ဝဲ​လျက် ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့် ဤ​အ​မှု​အ​လုံး​စုံ​ကို ရောက်​စေ​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ခါ​လ​ဒဲ​ရှင်​ဘု​ရင်​ကို စစ်​ချီ​စေ​တော်​မူ၏။ ထို​ရှင်​ဘု​ရင်​သည် သန့်​ရှင်း​ရာ​ဌာ​န​အိမ်​တော်၌ လူ​ပျို​တို့​ကို ဓား​နှင့်​သတ်၏။ ယောက်ျား​ပျို၊ မိန်း​မ​ပျို၊ လူ​အို၊ အ​သက်​ကြီး၍ ကျော​ကုန်း​သော သူ​တို့​ကို​ပင် မ​သ​နား၊ ရှိ​သ​မျှ​တို့​ကို ထို​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ၏။

ပြည်​သူ​ပြည်​သား​တို့​သည် ငါ့​ကို​စွန့်​သော​အ​ပြစ်၊ အ​ခြား​သော​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​သော​အ​ပြစ်၊ မိ​မိ​တို့​လက်​ဖြင့် လုပ်​သော​အ​ရာ​ကို ကိုး​ကွယ်​သော​အ​ပြစ် ရှိ​သ​မျှ​တို့​ကြောင့်၊ သူ​တို့​ကို​ငါ​စစ်​ကြော၍၊ အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​မည်။

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​ကို​စွန့်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ လိုက်​လျက်၊ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ငါ့​ကို​စွန့်​ပစ်၍၊ ငါ့​တ​ရား​ကို မ​စောင့်​သော​ကြောင့်​လည်း​ကောင်း၊

သို့​မ​ဟုတ်၊ သင်​တို့​သည် ဤ​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ​နေ​လျှင်၊ ဤ​နန်း​တော်​သည် လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​ကိုယ် တိုင်​တည်၍ မိန့်​တော်​မူ၏။

သူ​တို့ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သည် မြင်​သော​အ​ခါ သက်​သာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​လေ​သ​မျှ​တို့၌၊ အ​ကြောင်း​မ​ရှိ​ဘဲ မ​ပြု​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ