Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 7:17

Judson Bible

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို​ပြု၍ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ သင့်​အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့​မှာ​ကျင့်​နေ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို နား​ထောင်၍၊ ငါ့​ကျွန်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ငါ၏​လမ်း​တို့​သို့ လိုက်​လျက်၊ ငါ့​ရှေ့၌ မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ချက်​ပ​ညတ်​များ​ကို စောင့်​ရှောက်​လျှင်၊ သင်​နှင့်​အ​တူ​ငါ​ရှိ၍ ဒါ​ဝိဒ်​အ​ဖို့ မြဲ​မြံ​သော​အိမ်​ကို ဆောက်​သည်​နည်း​တူ၊ သင့်​အ​ဖို့​ဆောက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ငါ​ပေး​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကား၊

သင့်​အ​ဘ​ဒါ​ဝိဒ် ကျင့်​သည်​အ​တိုင်း ငါ့​လမ်း​သို့​လိုက်၍ ငါ​စီ​ရင်​ချက် ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်​လျှင်၊ တာ​ရှည်​သော အ​သက်​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည် ငါ့​ရှေ့​မှာ​ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​ရှေ့​မှာ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို​သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌ ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု​စောင့်​တော်​မူ​ပါ။

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

အို​ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည်​ငါ့​ရှေ့​မှာ ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​တ​ရား​ကို ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု စောင့်​တော်​မူ​ပါ။

ငါ့​နာ​မ​သည် အ​စဉ်​တည်၍ ငါ့​မျက်​စိ​နှင့် ငါ့​နှ​လုံး အ​စဉ်​စွဲ​လမ်း​စ​ရာ​ဖို့ ဤ​အိမ်​ကို​ငါ​ရွေး​ချယ်၍ သန့်​ရှင်း​စေ​ပြီ။

ဣ​သ​ရေ​လ​နိုင်​ငံ​ကို အုပ်​စိုး​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု သင့်​အ​ဘ​ဒါ​ဝိဒ်​နှင့် ငါ​ပ​ဋိ​ညာဉ်​ဖွဲ့​သည်​အ​တိုင်း၊ သင်​ထိုင်​ရ​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​ငါ​တည်​စေ​မည်။

ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။

ငါ့​ဝိ​ညာဉ်​ကို​လည်း သင်​တို့​အ​ထဲ​သို့ သွင်း​ပေး​သ​ဖြင့်၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့​လိုက်၍၊ ငါ​စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လိမ့်​မည်။

သင်​သည် ငါ့​လမ်း​သို့​လိုက်၍ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​လျှင်၊ ငါ့​အိမ်​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ ငါ့ တံ​တိုင်း​တို့​ကို စောင့်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ရှေ့​တော်၌​ရပ်​နေ​သော သူ​အ​ချို့​တို့​ကို၊ သင့်​အား လမ်း​ပြ​ရ​သော​သူ ဖြစ်​မည်​အ​ကြောင်း ငါ​ခန့်​ထား​မည်။

ငါ့​ပ​ညတ်​တို့​ကို​ရ၍ စောင့်​ရှောက်​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်၏။ ငါ့​ကို​ချစ်​သော​သူ​ကို ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်၍ သူ့​အား​ကိုယ်​တိုင်​ထင်​ရှား​မည်​ဟု မိန့်​တော်​မူ၏။

ငါ​သည် ငါ့​ခ​မည်း​တော်၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ ခ​မည်း​တော်၏​မေ​တ္တာ၌ တည်​နေ​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ငါ့​မေ​တ္တာ၌ တည်​နေ​ကြ​လိမ့်​မည်။-

သင်​တို့​နှင့်​တ​ကွ သား​မြေး​တို့​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ အ​သက်​တာ​ရှည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​နေ့​ငါ​မှာ​ထား​သော ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်​ဟု မော​ရှေ​သည် ဟော​ပြော​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ