Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 7:16

Judson Bible

ငါ့​နာ​မ​သည် အ​စဉ်​တည်၍ ငါ့​မျက်​စိ​နှင့် ငါ့​နှ​လုံး အ​စဉ်​စွဲ​လမ်း​စ​ရာ​ဖို့ ဤ​အိမ်​ကို​ငါ​ရွေး​ချယ်၍ သန့်​ရှင်း​စေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ငါ၏​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော​နေ့​က​စ၍ ငါ့​နာ​မ​တည်​ရာ​အိမ်​ကို ဆောက်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် မြို့​တစ်​စုံ​တစ်​မြို့​ကို ငါ​မ​ရွေး​သေး​သော်​လည်း၊ ငါ၏​လူ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​ကို​ငါ​ရွေး​ပြီ​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား ဗျာ​ဒိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့် ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို​စွန့်​ပယ်​လျှင်၊

ကိုယ်​တော်​စေ​ခိုင်း​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​လူ​တို့​သည် ရန်​သူ​တို့​ရှိ​ရာ​သို့ စစ်​ချီ​သော​အ​ခါ၊ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို မှီ​ခို​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆု​တောင်း​ကြ​လျှင်၊

သိမ်း​သွား​သော​ရန်​သူ​တို့၏ ပြည်၌​နေ​စဉ်၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​ထံ​တော်​သို့​ပြန်​လာ၍၊ ဘိုး​ဘေး​တို့​အား ပေး​တော်​မူ​သော​ပြည်၊ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း​လျှင်​လည်း​ကောင်း၊

သင်​သည် ငါ့​ရှေ့​မှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​ကို​ငါ​ကြား​ပြီ။ သင်​တည်​ဆောက်​သော ဤ​အိမ်​ကို သန့်​ရှင်း​စေ၍၊ ငါ့​နာ​မ​ကို အ​စဉ်​တည်​စေ​မည်။ အ​စဉ်​ငါ​ကြည့်​ရှု​လျက် နှ​လုံး​စွဲ​လမ်း​လျက်​နေ​မည်။

ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌ ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊

သင်​တို့​အ​ဘ​များ​ကဲ့​သို့ ခိုင်​မာ​သော​သ​ဘော မ​ရှိ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား၌ ကိုယ်​ကို​အပ်​နှံ​ကြ​လော့။ အ​စဉ်​သန့်​ရှင်း​စေ​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ လာ​ကြ​လော့။ ပြင်း​စွာ​သော အ​မျက်​တော်​သည် သင်​တို့​မှ လွှဲ​သွား​မည်​အ​ကြောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ​လော့။

ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ချိန်​တွင်​ထင်​ရှား​တော်​မူ​လျက်၊ သင်​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ ဤ​အ​ရပ်​ဌာ​န​ကို ယဇ်​ပူ​ဇော်​ရာ အိမ်​ဖြစ်​စေ​ခြင်း​ငှာ ကိုယ်​အ​ဖို့ ငါ​ရွေး​ယူ​ပြီ။

ငါ​ကြည့်​ရှု​မည်။ ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို ငါ​နား​ထောင်​မည်။

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို​ပြု၍ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ သင့်​အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့​မှာ​ကျင့်​နေ​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို​ရွေး​ကောက်၍၊ အ​မြဲ​နေ​တော်​မူ​ရာ​ဖို့ အ​လို​တော်​ရှိ​သည်​အ​ရာ​မှာ၊

ဤ​မြို့​ကား ငါ​အ​စဉ်​အ​မြဲ ကျိန်း​ဝပ်​ရာ​မြို့​တည်း။ ငါ​အ​လို​ရှိ​သည်​ဖြစ်၍၊ ဤ​မြို့၌​ငါ​နေ​မည်။

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က​လည်း၊ အို စာ​တန်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ​သော။ ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​ချယ်​ပြီး​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ​သော။ ဤ​သူ​သည် မီး​ထဲ​က နုတ်​သော​ထင်း​စ​ဖြစ်​သည် မ​ဟုတ်​လော​ဟု စာ​တန်​အား ဆို၏။

ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သည် သင့်​နေ​ရာ​နှင့် ဝေး​လွန်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​သိုး​နွား​ကို၊ ငါ​မှာ​ထား​သည်​အ​တိုင်း​သတ်၍၊ သင့်​နေ​ရာ​အ​ရပ်၌ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခု​နစ်​သီ​တင်း​ပွဲ​ကို​ခံ၍ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌​တည်း​ခို​သော လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဇာ​တိ​အ​ဖြစ်​တော်၏ ပြည့်​စုံ​ခြင်း​အ​ပေါင်း​သည် ခ​ရစ်​တော်၌ ကိုယ်​ထင်​ရှား၍ ကျိန်း​ဝပ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ