Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 7:12

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ချိန်​တွင်​ထင်​ရှား​တော်​မူ​လျက်၊ သင်​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ ဤ​အ​ရပ်​ဌာ​န​ကို ယဇ်​ပူ​ဇော်​ရာ အိမ်​ဖြစ်​စေ​ခြင်း​ငှာ ကိုယ်​အ​ဖို့ ငါ​ရွေး​ယူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ အာ​ဗြံ​သည် အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား​တော်​မူ၍၊ ငါ​သည် အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ့​ရှေ့​မှာ​သွား​လာ၍ စုံ​လင်​ခြင်း​ရှိ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် ဂိ​ဗောင်​မြို့၌ ထင်​ရှား​တော်​မူ​သ​ကဲ့​သို့၊ ဒု​တိ​ယ​အ​ကြိမ်၌ ထင်​ရှား​တော်​မူ​လျက်၊

ဧ​လိ​ယ​က​လည်း ဤ​အ​ရပ်၌ နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ယော်​ဒန်​မြစ်​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​သွား​ကြ၏။

သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။

ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ မိ​မိ​ပြု​စု​သော အာ​ရှ​ရ​ပင်​နှင့်​တူ​အောင် လုပ်​သော​ရုပ်​တု​ကို တင်​ထား၏။

ထို​ည​တွင် ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည့်​ဆု​ကို တောင်း​လော့​ဟု မိန့်​တော်​မူ၏။

ငါ့​နာ​မ​သည် အ​စဉ်​တည်၍ ငါ့​မျက်​စိ​နှင့် ငါ့​နှ​လုံး အ​စဉ်​စွဲ​လမ်း​စ​ရာ​ဖို့ ဤ​အိမ်​ကို​ငါ​ရွေး​ချယ်၍ သန့်​ရှင်း​စေ​ပြီ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့၏ တောင့်​တ​ခြင်း​အ​သံ​ကို ကြား​တော်​မူ၏။ သူ​တို့၏​စိတ်​နှ​လုံး​ကို တည်​ကြည်​စေ​တော်​မူ၏။

ယ​ခု​မူ​ကား၊ ဘု​ရား​သ​ခင်​သည် နား​ထောင်၍၊ ငါ​မြွက်​ဆို​သော ပ​တ္ထ​နာ​စ​ကား​သံ​ကို မှတ်​တော်​မူ​ပြီ။

ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ပူ​ဇော်​သ​ကာ​သည် ရှေး​လွန်​လေ​ပြီး​သော နှစ်၊ လ၊ နေ့​ရက်​ကာ​လ၌ ဖြစ်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်​လိမ့်​မည်။

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​ပြု​သော​ပ​တ္ထ​နာ​ကို နား​ခံ​တော်​မူ​ပြီ။ သင်၏​ခင်​ပွန်း​ဧ​လိ​ရှ​ဗက်​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်။-

ကော်​နေ​လိ၊ သင်​ပြု​သော​ပ​တ္ထ​နာ​ကို ဘု​ရား​သ​ခင်​သည် ကြား၍၊ သင်​စွန့်​ကြဲ​ခြင်း​ကို​လည်း မှတ်​တော်​မူ​ပြီ။-

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ