Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 6:23

Judson Bible

ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့်​အ​လျောက် ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​နှင့်​အ​လျောက် အ​ကျိုး​ကို​ခံ​ရ၍ အ​ပြစ်​မှ​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​စင်​စစ် နာ​ဗုတ်​အ​သွေး၊ သူ့​သား​တို့၏​အ​သွေး​ကို မ​နေ့​က ငါ​ကြည့်​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​မြေ​ကွက်၌ သင့်​ကို အ​ပြစ်​နှင့်​အ​လျောက် ငါ​ဒဏ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ရှိ​သည် အ​တိုင်း၊ ဤ​မြေ​ကွက်၌ အ​လောင်း​ကို​ချ​ပစ်​လော့​ဟု မိ​မိ​ရ​ထား​မှူး​ဗိ​ဒ​က​ကို ဆို၏။

လူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို ပြစ်​မှား​သော​ကြောင့်၊ အ​ကျိန်​ခံ​ရ​မည်​ဟု အိမ်​နီး​ချင်း​ဆို​လျက်၊ ဤ​အိမ်​တော်၌ ကိုယ်​တော်၏ ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ကျိန်​တိုက်​လျှင်၊

သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ထို​ကြောင့် သူ​တို့​သည် ကိုယ်​ကျင့်​ခြင်း၏​အ​ကျိုး​အ​ပြစ်​ကို​စား၍၊ ကိုယ်​ကြံ​သော အ​ကြံ​တို့​နှင့် ဝ​ကြ​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မှ​လွှတ်​သော​သူ​နှင့်၊ ဖြောင့်​မတ်​သော​သူ​တို့​ကို အ​ပြစ်​စီ​ရင်​သော​သူ နှစ်​ယောက်​လုံး​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

ဗာ​ဗု​လုန်​မြို့​ကို တိုက်​ဖျက်​လု​ယူ​သော​သူ​သည် ရောက်​လျှင်၊ မြို့​သား​စစ်​သူ​ရဲ​တို့​သည် ရန်​သူ​တို့​လက်​သို့ ရောက်၍၊ သူ​တို့​စွဲ​ကိုင်​သော လေး​ရှိ​သ​မျှ​တို့​သည် ကျိုး​ကြ၏။ အ​ကျိုး​အ​ပြစ်​ကို ပေး​တတ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဆက်​ဆက်​ပေး​တော်​မူ​ပြီ။

ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။

ထို​မိန်း​မ​သည် လင်​ကို​ပြစ်​မှား၍ ညစ်​ညူး​ခြင်း​ရှိ​လျှင် ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော​ရေ​ကို သောက်​ပြီး​မှ သူ့​အ​ထဲ၌ ရေ​ဝင်၍​ခါး​သ​ဖြင့် ဝမ်း​ရောင်​ခြင်း၊ ပေါင်​ပိန်​ခြင်း​သို့​ရောက်၍ ထို​မိန်း​မ​သည် မိ​မိ​အ​မျိုး၌ ကျိန်​အပ်​သော​သူ​ဖြစ်​လိမ့်​မည်။

ငြင်း​ဆန်​သော​သ​ဘော​ရှိ၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို​ကား၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​ထွက်​တော်​မူ​လ​တ္တံ့၊-

လူ​ချင်း​အ​မှု​ရှိ၍ မင်း​ထံ၌ အ​စီ​ရင်​ခံ​လျက်၊ မင်း​ရှေ့​မှာ တ​ရား​တွေ့​ကြ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​သူ​ကို အ​ရှုံး​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ