Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 6:20

Judson Bible

ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​စိ​တော်​ကို​ဖွင့်၍ ကြည့်​ရှု​တော်​မူ​ပါ။ သ​နာ​ခ​ရိပ်​မင်း​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့၍​ပြော​စေ​သော စ​ကား​အ​လုံး​စုံ​တို့​ကို မှတ်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော စေ​တ​နာ​စိတ်​ရှိ​သော​သူ​တို့​ဘက်၌၊ ခိုင်​ခံ့​စွာ​နေ​ခြင်း​ငှာ၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​နှံ့​အ​ပြား​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။ ဤ​အ​မှု၌ မင်း​ကြီး​သည် မိုက်​စွာ​ပြု​ပြီ။ ယ​ခု​မှ​စ၍ စစ်​မှု​ရှိ​လိမ့်​မည်​ဟု ဆို၏။

အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ ဒဏ်​ခတ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တစ်​စုံ​တစ်​ခု​ရောက်၍၊ နာ​မ​တော်​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၊ အ​ထံ​တော်​သို့ အ​ကျွန်ုပ်​တို့​သည် ချဉ်း​ကပ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ကြောင့် အော်​ဟစ်​ကြ​သော​အ​ခါ၊ နား​ထောင်၍​ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​ပါ​ပြီ။

သို့​သော်​လည်း အို​အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ ယ​နေ့​ကြွေး​ကြော်​လျက် ပ​တ္ထ​နာ​ပြု၍ တောင်း​လျှောက်​သော​စ​ကား​ကို နား​ခံ​နာ​ယူ​တော်​မူ​ပါ။

အို​အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ကြည့်​ရှု​တော်​မူ​ပါ။ ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

ငါ​ကြည့်​ရှု​မည်။ ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို ငါ​နား​ထောင်​မည်။

ကိုယ်​တော်​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​ဆု​တောင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သော အ​ပြစ်​များ​ကို ဖော်​ပြ၍ တောင်း​ပန်​သော ကိုယ်​တော်​ကျွန်၏ ပ​တ္ထ​နာ​စ​ကား​ကို ကြား​ခြင်း​ငှာ၊ ယ​ခု​နား​ထောင်၍ စေ့​စေ့​ကြည့်​ရှု​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စောင့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​လက်​ယာ​ဘက်၌​ရှိ​သော သင်​ခို​လှုံ​ရာ အ​ရိပ်​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​နှင့် က​ရု​ဏာ​တော်​ကို ခို​လှုံ​သော​သူ​တို့​သည်၊

ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့​အော်​ဟစ်​သံ​ကို​လည်း နား​ထောင်​တော်​မူ၏။

အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​ကို​ယူ၍ ခြင်း​တောင်း၌​ထည့်​ပြီး​မှ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​တည်​စ​ရာ​ဖို့ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဇာ​တိ​အ​ဖြစ်​တော်၏ ပြည့်​စုံ​ခြင်း​အ​ပေါင်း​သည် ခ​ရစ်​တော်၌ ကိုယ်​ထင်​ရှား၍ ကျိန်း​ဝပ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ