Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 6:19

Judson Bible

သို့​သော်​လည်း အို​အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ ယ​နေ့​ကြွေး​ကြော်​လျက် ပ​တ္ထ​နာ​ပြု၍ တောင်း​လျှောက်​သော​စ​ကား​ကို နား​ခံ​နာ​ယူ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌​ယ​နေ့​ကြွေး​ကြော်​လျက် ပ​တ္ထ​နာ​ပြု၍ တောင်း​လျှောက်​သော​စ​ကား​ကို နား​ခံ​နာ​ယူ​တော်​မူ​ပါ။

သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​တို့​တွင် ဧ​ကန်​အ​မှန် ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အ​ထွတ်၊ အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ ရှိ​ပါ​သ​နည်း။

ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို​ကြား၍၊ အ​ကျွန်ုပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သံ​ကို နား​ညောင်း​တော်​မူ​ပါ။

အ​ကျွန်ုပ်​ကို ဖြောင့်​မတ်​စေ​တော်​မူ​သော​ဘု​ရား၊ အ​ကျွန်ုပ်​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​စဉ်​တွင် ကိုယ်​တော်​သည် ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ ယ​ခု​လည်း​သ​နား၍ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

ပ​ဋိ​ညာဉ်​တော်​ကို ထောက်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​ပေါ်​မှာ မှောင်​မိုက်​သော​အ​ရပ်​တို့​သည် လု​ယူ​ညှဉ်း​ဆဲ​ခြင်း​နေ​ရာ​သက်​သက် ဖြစ်​ကြ​ပါ၏။

ထို​သူ​တို့​အ​ဖို့​ကို​သာ အ​ကျွန်ုပ်​ဆု​တောင်း​သည် မ​ဟုတ်​ပါ၊ သူ​တို့ ဟော​ပြော​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​ကို ယုံ​ကြည်​သော​သူ​တို့​အ​ဖို့​ကို​လည်း ဆု​တောင်း​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ