Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 6:12

Judson Bible

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​သည် ယု​ဒ​မင်း​ထုံး​စံ​အ​တိုင်း တိုင်​နား​မှာ​ရပ်​လျက်၊ မှူး​တော်​မတ်​တော်​များ​နှင့် တံ​ပိုး​မှုတ်​သော​သူ​များ​တို့​သည် ရှင်​ဘု​ရင်​အ​နား​တော်၌ ရပ်​လျက်၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် ဝမ်း​မြောက်၍ တံ​ပိုး​မှုတ်​လျက် ရှိ​ကြ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု အော်​ဟစ်​လေ၏။

ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ပါ​မည်။ စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ စောင့်​ရှောက်​ပါ​မည်။ ဤ​ကျမ်း​စာ၌​ပါ​သော ပ​ဋိ​ညာဉ်​စ​ကား​အ​တိုင်း ကျင့်​ပါ​မည်​ဟု တိုင်​နား​မှာ​ရပ်၍ အ​ဓိ​ဋ္ဌာန်​ပြု၏။ လူ​အ​ပေါင်း​တို့​သည်​လည်း ထို​အ​ဓိ​ဋ္ဌာန်​ကို ဝန်​ခံ​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား​ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကျောက်​စာ​ပါ​သော သေ​တ္တာ​တော်​ကို ထို​အိမ်​တော်၌ တင်​ထား​လေ​ပြီ​ဟု မြွက်​ဆို၏။

အ​မြင့်​သုံး​တောင်​ရှိ​သော ပ​လ္လင်​ကို​လုပ်၍၊ တံ​တိုင်း​အ​လယ်၌​ထား​နှင့်​သော ထို​ပ​လ္လင်​ပေါ်​သို့​တက်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​လယ်​မှာ ဒူး​ထောက်၍၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက်၊

သင်​သည် စိတ်​နှ​လုံး​ကို​ပြင်​ဆင်၍ လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆန့်​လျှင်​လည်း​ကောင်း၊

အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ လက်​ကို​ချီ​ခြင်း​သည် ညဉ့်​ဦး​ယံ ပူ​ဇော်​သ​ကာ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ပြင်​ဆင်​လျက်​ရှိ​ပါ​စေ​သော။

ကိုယ်​တော်​ထံ​သို့ လက်​တို့​ကို​ဆန့်​ပါ၏။ သွေ့​ခြောက်​သော​မြေ​ကဲ့​သို့ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။

အ​ကျွန်ုပ်​သည် သန့်​ရှင်း​သော​ဗျာ​ဒိတ်​ဌာ​န​တော်​သို့ လက်​ကို​ချီ၍၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ် တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။

ထို​သို့ အ​သက်​ရှင်​စဉ်​တွင် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လက်​ကို​ချီ​ပါ​မည်။

အဲ​ဂု​တ္တု​ပြည်​မှ သံ​တ​မန်​တို့​သည် လာ​ကြ​ပါ​စေ​သော။ ကု​ရှ​ပြည်​သည် မိ​မိ​လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ အ​လျင်​အ​မြန် ဆန့်​ရ​ပါ​စေ​သော။

မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်၍ မြို့​ပြင်​သို့​သွား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လက်​ဝါး​တို့​ကို​ဖြန့်​သ​ဖြင့်၊ မိုး​ကြိုး​နှင့်​မိုး​သီး​စဲ​လေ၏။ မြေ​ပေါ်၌​လည်း မိုး​မ​ရွာ။

သင်​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သ​နည်း။ ထို​သူ​သည် ကိုယ်​တော်​ကျွန်၏​စ​ကား​သံ​ကို နား​ထောင်​ပါ​စေ။ အ​ဘယ်​သူ​သည် အ​လင်း​မ​ရှိ​ဘဲ မှောင်​မိုက်၌ သွား​လာ​သ​နည်း။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ခို​လှုံ၍၊ မိ​မိ​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​ပါ​စေ။

သို့​ဖြစ်၍၊ အ​ရပ်​ရပ်​တို့၌ ယောက်ျား​တို့​သည် အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ သန့်​ရှင်း​သော​လက်​ကို​ချီ၍ ဆု​တောင်း​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ