Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 5:7

Judson Bible

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို အိမ်​တော်​အ​တွင်း​သို့ သွင်း၍ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ၊ ခေ​ရု​ဗိမ်​အ​တောင်​တို့​အောက်၊ သူ့​နေ​ရာ၌ ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို နှိုး​ဆော်​တိုက်​တွန်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့၊ တည်​ရ​သော အိမ်​တော်​ထဲ​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တန်​ဆာ​တို့​ကို သွင်း​ခြင်း​ငှာ ထ​ကြ​လော့။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး ရှိ​သ​မျှ​ကို​သွန်​သင်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော လေ​ဝိ​သား​တို့​ကို​ခေါ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​သား ရှော​လ​မုန်​တည်​ဆောက်​သော​အိမ်၌ သန့်​ရှင်း​သော​သေ​တ္တာ​တော်​ကို သွင်း​ထား​ကြ​လော့။ နောက်​တစ်​ဖန် သေ​တ္တာ​တော်​ကို​မ​ထမ်း​ဘဲ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု၊ ဘု​ရား​သ​ခင်၏​လူ ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု​ကို ထမ်း​ကြ​လော့။

တ​ရား​တော်​အ​တိုင်း ဗျာ​ဒိတ်​ဌာ​န​တော်​ရှေ့​မှာ ထွန်း​စ​ရာ​ဖို့ ရွှေ​စင်​မီး​ခုံ​နှင့်​မီး​ခွက်​များ၊

ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်​လာ၍ လေ​ဝိ​သား​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​လျက်၊

ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ သေ​တ္တာ​တော်​ရှေ့​မှာ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်၊ အ​တိုင်း​မ​သိ များ​စွာ​သော သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ကြ၏။

ခေ​ရု​ဗိမ်​တို့​သည် မိ​မိ​အ​တောင်​ကို သေ​တ္တာ​တော်​နေ​ရာ အ​ပေါ်​မှာ ဖြန့်၍၊ သေ​တ္တာ​တော်​နှင့် ထမ်း​ပိုး​တို့​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား​ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကျောက်​စာ​ပါ​သော သေ​တ္တာ​တော်​ကို ထို​အိမ်​တော်၌ တင်​ထား​လေ​ပြီ​ဟု မြွက်​ဆို၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျိန်း​ဝပ်​တော်​မူ​ရာ​သို့ ဘုန်း​တော်​နှင့်​ယှဉ်​သော ဓ​မ္မ​သေ​တ္တာ​နှင့်​တ​ကွ တက်​တော်​မူ​ပါ။

ထို​အ​ခန်း​သည် ဗိ​မာန်​တော်​အ​နံ​နှင့် တ​ညီ​တည်း​ဖြစ်​လျက်၊ အ​လျား​အ​တောင်​နှစ်​ဆယ်၊ အ​နံ​လည်း အ​တောင်​နှစ်​ဆယ်​ရှိ​သည်​ကို တိုင်း၍၊ ဤ​အ​ခန်း​ကား အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ