Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 5:6

Judson Bible

ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ သေ​တ္တာ​တော်​ရှေ့​မှာ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်၊ အ​တိုင်း​မ​သိ များ​စွာ​သော သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​သော​သူ​တို့​သည် ခြောက်​လှမ်း​သွား​ပြီး​မှ၊ နွား​နှင့် ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​လေ၏။

ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်။ အ​တိုင်း​မ​သိ​များ​စွာ​သော သိုး​နွား​တို့​ကို သေ​တ္တာ​တော်​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကြ၏။

နက်​ဖြန်​နေ့၌​လည်း ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို​ပြု၍ နွား​တစ်​ထောင်၊ သိုး​တစ်​ထောင်၊ သိုး​သ​ငယ်​တစ်​ထောင်​တို့​ကို မီး​ရှို့​သ​ဖြင့်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား များ​စွာ​သော​ယဇ်​ကို ပူ​ဇော်​ကြ၏။

ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၊ တဲ​တော်​နှင့်​ဆိုင်၍၊ သန့်​ရှင်း​သော တန်​ဆာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ​သား​များ​တို့​သည် ဆောင်​ခဲ့​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို အိမ်​တော်​အ​တွင်း​သို့ သွင်း၍ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ၊ ခေ​ရု​ဗိမ်​အ​တောင်​တို့​အောက်၊ သူ့​နေ​ရာ၌ ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ