Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 5:10

Judson Bible

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​အ​ခါ၊ မော​ရှေ​သည် ဟော​ရပ်​အ​ရပ်၌​ရှိ​စဉ် သွင်း​ထား​သော ကျောက်​ပြား​နှစ်​ပြား​မှ​တစ်​ပါး သေ​တ္တာ​တော်​ထဲ၌ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား​ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကျောက်​စာ​ပါ​သော သေ​တ္တာ​တော်​ကို ထို​အိမ်​တော်၌ တင်​ထား​လေ​ပြီ​ဟု မြွက်​ဆို၏။

ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်​ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။

ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

တပ်​အ​နီး​သို့​ရောက်​သော​အ​ခါ၊ နွား​သ​ငယ်​ကို​လည်း​ကောင်း၊ က​ခုန်​ခြင်း​ကို​လည်း​ကောင်း​မြင်​လျှင်၊ မော​ရှေ​သည်​အ​မျက်​ထွက်​သ​ဖြင့် ကျောက်​ပြား​တို့​ကို​ချ၍ တောင်​ခြေ​ရင်း၌​ချိုး​ဖဲ့၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​လော့။ သင်​ချိုး​ဖဲ့​သော အ​ရင်​ကျောက်​ပြား၌ စ​ကား​ပါ​သည်​အ​တိုင်း နောက်​ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​မည်။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သက်​သေ​ခံ​ချက်​ကို သေ​တ္တာ​ထဲ​မှာ သွင်း​ထား၍၊ သေ​တ္တာ​ကွင်း​တို့၌ ထမ်း​ပိုး​ကို​လျှို၍၊ သေ​တ္တာ​ပေါ်​အ​ဖုံး​ကို​တင်​ပြီး​မှ၊

၁၇ ဤ​ရွေ့​ကား၊ ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​မှ​တစ်​ပါး၊ မော​ဘ​ပြည်၌ မော​ရှေ​သည် ထို​လူ​မျိုး​နှင့် ပ​ဋိ​ညာဉ်​ပြု​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​စ​ကား​တော် ဖြစ်​သ​တည်း။

ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ