Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 4:6

Judson Bible

မီး​ရှို့​ရာ​ယဇ်​နှင့်​ဆိုင်​သော အ​ရာ​တို့​ကို ဆေး​စ​ရာ​ဖို့ အင်​တုံ​ဆယ်​လုံး​ကို​လည်း​လုပ်၍၊ လက်​ယာ​ဘက်၌ အင်​တုံ​ငါး​လုံး၊ လက်​ဝဲ​ဘက်၌ ငါး​လုံး​ကို ထား​လေ၏။ ရေ​ကန်​မူ​ကား ယဇ်​ပု​ရော​ဟိတ် ရေ​ချိုး​စ​ရာ​ဖို့ ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ဝန်း​လေး​တောင်​ကျယ်၍၊ ရေ​ဗတ်​လေး​ဆယ်​ဝင်​နိုင်​သော ကြေး​ဝါ​အင်​တုံ​တစ်​ဆယ်​ကို​လည်း​လုပ်၍၊ ခုံ​တစ်​ခု​ပေါ်​မှာ အင်​တုံ​တစ်​လုံး​စီ တင်​ထား​လေ၏။

ဟိ​ရံ​သည် အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​ကို​လည်း​လုပ်​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ လက်​စ​သတ်​သော​အ​ရာ​များ​ဟူ​မူ​ကား၊

အ​ချင်း ဆယ်​တောင်၊ အ​ဝန်း အ​တောင်​သုံး​ဆယ်၊ အ​ဇောက် ငါး​တောင်​ရှိ​သော ကြေး​ဝါ​ရေ​ကန်​ကို​လည်း လုပ်​လေ၏။

ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော၍၊ အ​ကျွန်ုပ်​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

မီး​ရှို့​သော ယဇ်​ကောင်​ကို ရေ​နှင့် ဆေး​ကြော​စ​ရာ​အ​ခန်း​များ၊ အ​ခန်း​ဝင်​ဝ​များ​တို့​သည် ထို​တံ​ခါး​မုခ်၌ ရှိ​ကြ၏။

ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့်​အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် တစ်​ကောင်​လုံး​ကို​ဆောင်​ခဲ့၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့် အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

အ​ထက်​က​သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​ဖြစ်​ကြ​သော်​လည်း၊ ယ​ခု​တွင် သ​ခင်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆေး​ကြော​သန့်​ရှင်း၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​ပြီ။

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။-

ထို​ကြောင့် ကောင်း​ကင်​ဘုံ၌​ရှိ​သော အ​ရာ​တို့၏ ပုံ​များ​ကို ထို​သို့​သော​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် စင်​ကြယ်​စေ​ရ​သည်​ဖြစ်၍၊ ကောင်း​ကင်​အ​ရာ​တို့​ကို သာ၍​မြတ်​သော ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် စင်​ကြယ်​စေ​ရ၏။

ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။-

ငါ​က၊ သ​ခင်၊ ကိုယ်​တော်​သိ​ပါ၏​ဟု ပြန်​လျှောက်၏။ သူ​က​လည်း၊ ဤ​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က ထွက်​မြောက်၍၊ မိ​မိ​တို့​ဝတ်​လုံ​ကို သိုး​သ​ငယ်၏ အ​သွေး၌​လျှော်၍ ဖြူ​စေ​သော​သူ ဖြစ်​ကြ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ