၂ ရာချုပ် 4:1Judson Bibleအလျား အတောင်နှစ်ဆယ်၊ အနံအတောင် နှစ်ဆယ်၊ အမြင့် ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင်ကိုလည်း လုပ်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်ရှေ့မှာရှိသော တံတိုင်းအတွင်းအရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်ကောင် ဆီဥကိုပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်ကောင် ဆီဥကို မခံလောက်။
ထိုစကားနှင့် ပရောဖက်ဩဒက်၏ အနာဂတ္တိစကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ရောက်၍၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည် အရပ်ရပ်တို့၌လည်းကောင်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌လည်းကောင်း၊ စက်ဆုပ်ဖွယ်သော အရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော်ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင်လေ၏။
ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တံတိုင်းအတွင်းအရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ အရင်လုပ်သော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။